Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
ရန်သူဘယ်သူလဲ?
မြောက်ပိုင်းလူသတ်မှုကြီးမှာကိုယ်တိုင်ကိုယ်ကျနှိပ်စက်ညှင်းပန်းခံရပြီုးလွတ်မြောက်လာသူတွေရဲ့ ခါးသည်းတဲ့ အတွေ့အကြုံတွေကိုဘေးကနေကိုယ်ချင်းစာပါတယ်ဆိုတဲ့သူတွေအနေနဲ့တကယ်ခံခဲ့ရသူတွေလောက်နက် နက်ရှိုင်းရှိုင်းမခံစားနိုင်ဘူးဆိုတာတော့ကြိမ်းသေပါတယ်။
လောကငရဲကျပြီးရက်ရက် စက်စက်အသတ် ခံရသူတွေအတွက်တရားမျှတမှုရအောင်ကြိုး စား ဆောင်ရွက်မယ်ဆိုတဲ့ သူတွေထဲမှာလဲ တကယ်လပေါင်းများစွာ နှိပ်စက်ညှင်းပန်းခံရပြီးလွတ်မြောက်လာသူတွေပါသလို၊ မတရားမှုကို မကြိုက်တဲ့လူလူချင်းကိုယ်ချင်းစာတရားရှိသူများလည်းပါဝင်ပါတယ်။
မြန်မာတွေ ဘာကြောင့် အောက်ကျနေရလဲ
ကျွန်တော့ညီမလေးတစ်ယောက်ေ၇းထာတဲ့ပညာပေး လေးပါ။ငွေကြေးပေါများသော သူတော်တော် များများ မှာ တွေ့ရပါတယ်၊၊ငွေ ၃-၄-၅ သိန်းစသဖြင့်အကုန်ခံပြီး ချောင်းသာ ၊ ငပလီ ၊မောင်းမကန် တို့ကိုသွားပြီး ရေငံ တွေ ရှိတဲ့ပင်လယ်ကို သွားကြည့်ပါတယ်၊၊ဇိမ်ခံကြပါတယ်၊
၊ငါတော့မသေခင်ငါတို့ကိုးကွယ်တဲ့ဗုဒ္ဓဘုရားရှင် ပွင့်တော်မူခဲ့သောဗုဒ္ဓဂါယာကို သွားဖြစ်အောင် သွားပြီးတော့ ကိုဖူးလိုက်ဦးမယ်ဟေ့ဆို တာဒီနေ့အထိမတွေဘူးသေးပါဘူး၊၊ ခုခေတ် ဗုဒ္ဓဘာသာဝင်မိန်းကလေးများ ဖြစ်ပါတယ်၊၊
ခေတ်တွေတိုးတက်နေပါပြီဆိုပြီး ကလပ်တွေတက်ပါတယ်၊
အရက်-ဘီယာသောက်ပါတယ်၊၀ိုင်သောက်ပါတယ်၊ ပန်းခြံတွေမှာ ရည်းစား သညာတွေနဲ့ ချိန်းတွေ့ပြီး အကုန်ပေးပါတယ်၊၊
***သမိုင်းဆိုတာမေ့ဖျောက်လို့မရ***
ကျွန်တော်မန္တလေးကိုရောက်တော့ ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ရဲဘော်ရဲဘက်ဟောင်းတွေနဲ့ ပြန်ဆုံမိပါတယ်။ အဲဒီမှာပဲ စကားလက်ဆုံကြမိတယ်။ အဓိကတွေကတော့ အများကြီးပါပဲ….။ အဲဒီ့ထဲက အချက်အလက်တချို့ ဆွဲထုတ်ပြရရင် အထက်မြန်မာပြည်မှာ ဒီမိုကရေစီအင်အားစုတွေဟာ သူ့အစုနဲ့သူ တည်ရှိနေကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ကျော်လောက်ကတည်းက ဘယ်သူတွေဟာ ၈၈၈၈ အရေးတော်ပုံကြီးမှာ ဘယ်လို လုပ်ခဲ့တယ်၊ ဘယ်လောက်လုပ်ခဲ့ကြတယ် ဆိုတဲ့ သမိုင်းကို ဘယ်သူကမှ ပစ်ပယ်လို့မရပါဘူး။ ခုလိုပွင့်လင်းလာ တဲ့အချိန်မျိုးမှာ နာမည်ကြီးတွေနဲ့ မိတ်ဆွေဖြစ်ချင်တာတွေ၊ နာမည်ကြီးတွေကို ထောက်ပံ့ချင်တာတွေနဲ့ နာမည် ကြီးတွေကို အမှီသဟဲပြုပြီး ကိုယ့်ရဲ့ နိုင်ငံရေးပုံရိပ်တစ်ခုကို အတင်းတည်ဆောက်ချင်တာတွေ ကို တွေ့ရတယ်။
Subscribe to:
Posts (Atom)



