Pages

မိုးသီးဇွန်.............ကိုကြိုဆိုခြင်း



မိုးသီးဇွန်.............ကိုကြိုဆိုခြင်း

မိုးသီးဇွန်ဟာ တိုင်းပြည်အတွက်ရော၊ ၈၈၈၈ အရေးတော်ပုံကြီးအတွက်ပါ တခုမှကောင်းတာမလုပ်ခဲ့ပါ။ သမိုင်း တချို့သက်သေပြပါမည်။မိုးသီး ဒမဖ ဥက္ကဋ္ဌ လုပ်ခဲ့ တယ်၊ ဥက္ကဋ္ဌ ပြီး ဒမဖ ပြိုကွဲခဲ့ တယ်။မိုးသီး လူ့ဘောင်သစ်ပါတီ ကို ဖွဲ့သူထဲမှာ တဦးပါဝင်တယ်။ သူ့လူတွေ ဦးဆောင်မှုနေရာမှာ သိတ်မရတော့ ပါတီနှစ်ခြမ်းခွဲခဲ့တယ်။

ပြည်တွင်းမှာနေလို့မရလို့နယ်စပ်ကိုရောက်လာတယ်။မိုးသီး တပ်ရင်း (၁၀၁) ကိုရောက်လာတယ်။ မကြာဘူး။ တပ်ရင်း (၁၀၁) နှစ်ခြမ်းကွဲသွားတယ်။ မိုးသီးအခြမ်း က ဘုန်းကြီးကျောင်းမှာ နေပြီး နောက်တခြမ်း   က တပ်ရင်း မှာနေတယ်။ အဲ့ဒီမှတဆင့် “သေဘောဘိုး” စခန်း ကို ရောက်တယ်။ အဲ့ဒီအချိန်က “သေဘောဘိုး” စခန်း ဟာဗဟို ကို ဆန့်ကျင်နေတဲ့ စခန်းဖြစ်တယ်။ အဲ့ဒီကို “မိုးသီး”သွားပြီး ဗဟိုကို ဆန့်ကျင်အောင်မြှောက်ပင့်ပြောဆိုပြန်တယ်။ သူတို့ရဲ့ ထောက်ခံမှုယူပြီး ABSDF ဗဟို ကို တက်လှမ်းဖို့ကြိုးစား ခဲ့တယ်။ အဖွဲ့အ စည်းအကျိုး ကို မကြည့်ပဲ ကိုယ်ကျိုးအတွက်အသုံးချခဲ့တယ်။


မိုးသီးဇွန် ABSDF ဗဟိုကိုရောက်တော့ ABSDF နှစ်ခြမ်းကွဲသွားတယ်။
လက်ရှိဥက္ကဌ သံခဲ ဘယ်နိုင်ငံ သွားသွား အတင်းထမင်းခေါ်ကျွေးကြတယ်၊ တစ်ယောက်ပြီးတစ်ယောက်လာတွေ့ကြတယ်၊ တစ်ဖွဲ့ပြီးတစ်ဖွဲ့ လာနှုတ်ဆက်ကြတယ်။ အဲ .. အရင်ဥက္ကဌ မိုးသီးဇွန်းတော့ အဲ့လိုမဟုတ်ဘူး။ သူလာမယ်ဆိုတာနဲ့ အကုန်လုံးက ကိုယ့်အိမ်လာမှာကြောက်နေကြတယ်။ သတင်းကြားကတည်းက အိမ်ရောက်မလာပါစေနဲ့ ဆုတောင်းကြရတယ်။ ဆုတောင်းမပြည့်လို့ ရောက်လာရင်တော့ သေပြီဆရာပဲ။

မိုးသီးဇွန်းကလည်း လူလည်ပါ။ ABSDF ကိုတောင် နှစ်ခြမ်းကွဲအောင် အုပ်ချုပ်လာသူဆိုတော့ ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ အိမ်တစ်အိမ်ရောက်ပြီဆိုတာနဲ့ ထမင်းကို မဆံ့မပြဲ ကုန်းစားပါတယ်။ နောက်တစ်နပ် ကျွေးမယ့်လူက မသေချာဘူး။ ဒီတော့ သေချာတဲ့ တစ်နပ်ကို အရအမိ စားတာပဲ။ ထမင်းစားပြီးရင် ဘုရားစဉ်ပေါ်က အသီး စွန့် စားသေးတယ်။ ABSDF တပ်မတော်သား တွေ စွန့်စားတယ်ဆိုတာ ဒါမျိုးကိုပြောတာ။ သူ့အကြောင်းသိကြတော့ မိုးသီး ဆိုတာနဲ့ အကုန်ပြေးကြတယ်။ လမ်းတွေ့ရင် မမြင်ချင်ဟန်ဆောင်ကြတယ်၊ ဒီဖက်လမ်းကလာမယ်ဆိုရင် ဟိုဖက်လမ်းကိုရွေးသွားတယ်။

သံခဲ လာမယ်ဆိုရင်တော့ လမ်းစရိတ်တောင် ပေးပြီးခေါ်ကြတယ်၊ မိုးသီးကိုတော့ ကိုယ့်စရိတ်နဲ့ကိုယ် လာပါမယ် ဆိုတာတောင် ဘယ်သူမှ မခေါ်ကြ။ သံခဲဆိုရင် တစ်ယောက်ပြီး တစ်ယောက်က အရက်ခေါ်တိုက် တာ မသောက် နိုင်တော့ဘူး။ မိုးသီးလာရင်တော့ အိမ်မှာ ရှိသမျှ အရက်ပုလင်းတွေ ဖွက်ထားကြတယ်။

ဒါကတော့ လူရှေ့မှာ ရှိတဲ့အချိန်တွေပါ။

တောထဲမှာနေတဲ့အချိန်တွေကတော့ နှစ်ယောက်လုံးက အတူတူနဲ့ အနူနူပါပဲ။ တောထဲက လက်အောက်ငယ် သားတွေ အခု ငတ်ပြတ်နေပါတယ်၊ ရာဘာခြစ်နေရပါတယ်၊ စားစရာမရှိပါဘူး၊ စုတ်ပျက်သက်နေပါတယ်။ အမြဲလိုလိုလည်း ဓာတ်ပုံဗွီဒီယို အရိုက်ခံရပါတယ်။ အဲဒီ ဓာတ်ပုံဗွီဒီယိုတွေက အင်တာနက်ပေါ်နဲ့ အလှူရှင်တွေ လက်ထဲ ရောက်သွားပြီး အလှူငွေတွေ ရလာပါတယ်။ အလှူငွေတွေက သံခဲ အိပ်ထဲရောက်သွားပါတယ်။

ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးရဲဘော်တွေ ဘာတွေလုပ်ခဲလဲ?? အခု အဲဒီ ကျောင်းသား တွေ ဘာတွေလုပ်နေလဲ?? ဆိုတာကိုတော့ ခုချိန်ထိ အဖြေရခက်နေတဲ့ မေးခွန်းဖြစ်နေပါတယ်။


ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် အမြင်မှန်ရပြီး ၂၀၀၈ အခြေခံဥပဒေကို အရ ရွေးကောက်ပွဲကို ဝင်ဖို့ ဆုံးဖြတ်ပေမယ့်လည်း ABSDF ကတော့ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲရလာဒ်တို့ကို ဖျက်သိမ်းနိုင်ရေးအတွက် ဆက်လက်ကြိုးပန်းမည်ဟု NLD နဲ့ ဆန့်ကျင်တဲ့ ကြေညာချက် တစ်ခုကိုမြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်သားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် ဗဟိုကော်မတီ က နိုဝင်ဘာ (၁) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ABSDF ဖွဲ့စည်းခဲ့ပြီးနှစ်ကြာပြီးတဲ့အခါမှာ တောခိုကျောင်းသားတွေ ဘယ်ဆီရောက်ပီး ဘာတွေဆက် လုပ်နေကြ သလဲဆိုတာ ဘယ်သူမှ မသိရပါဘူး။ သူတို့ကိုယ်တိုင်ကလည်း ဘယ်သူ့ကိုမှ အသိမခံပါဘူး။ ဟန်ပြ တော်လှန်ရေး လုပ်သူများက လုပ်နေကြပေမယ့် ၊ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံရပ် ခြားမှာ အဆင့်မြင့် ပညာတွေသင်ယူနေကြ သူတွေ မရှိ၊ တိုင်းပြည်စီးပွါးတိုးတက်ရေးအတွက် ကူညီနိုင်အောင် စီးပွါးရေးလုပ်ငန်း ပိုင်ရှင်တွေဖြစ်ဖို့ကျိုးစားနေသူတွေ မရှိပါဘူး။ လက်ရှိနေထိုင်ရာ သူများတိုင်းပြည်အတွက် ကျွန်ခံ အလုပ် လုပ်ပေးနေ သူတွေတော့ အများကြီး ဖြစ်ရှိနေကြောင်း သိရပါတယ်။

မေးတာလွယ်သလောက် ဖြေရခက်တဲ့ မေးခွန်းတခုကတော့ "တတိယ-နိုင်ငံရောက် တောခိုကျောင်းသားတွေ အခု ဘာတွေလုပ်နေကြသလဲ" ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အသေချာသုတေသနလုပ်ပီး ထုတ်ပြန်ထားတဲ့ စာရင်းဇယားဆိုလို့ တစ်ခုမှ မရှိပါဘူး။ တတိယနိုင်ငံရောက် ဒုက္ခသည် ၅-သောင်းကျော်ထဲမှာ ၈၈-က တောခို ခဲ့တဲ့ကျောင်း သား ၃-ထောင် ကျော် ရှိပါတယ်။ တကယ်တော့ ABSDF ဆိုတာ ဒုက္ခသည်တွေ အများ ဆုံး မွေးထုတ်ပေးရာ နေရာဖြစ်ပါတယ်။ ဒီနေ့ ဒုက္ခသည်ဘဝကနေ တတိယနိုင်ငံရောက်ကြီး အထောက် အပံ့တွေ တောင်းစား ချမ်းသာ နေသူအများစုက ABSDF က ဖြစ်ပါတယ်။

အဲဒီထဲက အဆင်ြ့မင့်ပညာ ဒေါက်တာ ဘွဲ့နဲ့ မဟာဘွဲရသူ အယောက် ၃၀-မရှိပါဘူး။ ကျောင်းသား ၃ ထောင်မှာ မဟာ ဘွဲ့ရသူ ၃၀ မရှိဘူးဆိုကတည်းက ကျောင်းသားတပ်မတော်က ကျောင်းသားတွေက ဘယ်လိုကျောင်းသားတွေ လဲ ဆိုတာ သိနိုင်ပါတယ်။

ABSDF ထဲကို စဝင်တုန်းကတော့ မြန်မာအချင်းချင်း အနိမ်ခံရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝင်ခဲ့ကြပါတယ်။ ABSDF ထဲ ရောက်ပြီးချိန်ကစပြီး ထိုင်းရဲက နှိမ်လိုက်၊ လူဟောင်းတွေ ရှေ့လူတွေက နှိမ်လိုက်၊ တတိယ နိုင်ငံရောက်တော့လည်း နော်ဝေရဲ၊ အော်စတြေးလျ ရဲတွေက မဖမ်းအောင် ဒူးထောက်တောင်းပန်မတတ် အနှိမ်ခံရပြန်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော် ၃-ကျိပ်ဦးဆောင်တဲ့ ဗမာ့လွတ်မြောက်ရေးတပ်မတော်မှအပ အဲဒီနောက်ပိုင်းတောခိုခဲ့တဲ့ဗမာ ပြည်ကွန်မြူနစ်ပါတီ။ ပြည်ချစ်လွတ်မြောက်ရေးတပ်ဦး။ ကျောင်းသားတပ်မတော်နဲ့ လူမျိုးစုတပ်ဖွဲ့ အ သီးသီးဟာ အခုချိန်ထိ အောင်ပွဲနဲ့အတူ အိမ်ပြန်နိုင်တာမျိုး တဖွဲ့မှ မရှိပါဘူး။ လူတွေကပဲ အရေအချည်းမရှိတာလား၊ ခေါင်းဆောင်တွေကပဲ ညံ့တာလား၊ လုပ်ဆောင်မှုတွေကပဲ မှားယွင်းနေတာလား ဆိုတာ အသေအချာ မပြောနိုင်ပါဘူး။ အဲဒီအချက်တွေ အားလုံးလည်း ဖြစ်နိုင်ပါတယ်။
ထိုင်နိုင်ငံဝန်ကြီးချုပ်အသစ်နဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး ကလည်း သိပ်ကောင်းနေတော့ နယ်စပ်က အဖွဲ့တွေလည်း တစ်ဖွဲ့မှ အခြေအနေမကောင်းတော့။ ဒိုနာတွေ (အလှူရှင်) ကလည်း နယ်စပ်က အဖွဲ့တွေ အားလုံးကလည်း နယ်စပ် ကအဖွဲ့တွေကို မပေးတော့ဘူးလို့ သိရပါတယ်။

တတိရနိုင်ငံရောက် ABSDF အဖွဲ့ဝင် တွေကတော့ နိုင်ငံအတွက်၊ လူမျိုးအတွက်တွေ ဘာမှ သတိမရတော့ပါဘူး။ ဒုက္ခသည်စခန်းကလူတွေ။ မြန်မာနိုင်ငံထဲကလူတွေက နိုင်ငံခြားထွက်ချင်လို့ အသဲအသန် ကျိုးစား နေကြချိန်မှာ တတိယ-နိုင်ငံရောက်ပီးမှ အားလုံးကိုစွန့်ပီး မြန်မာပြည်ပြန်မယ်ဆိုတဲ့လူတွေက လူမိုက်တွေသာ ဖြစ်ကြကြောင်း၊ နိုင်ငံအတွက်တွေ၊ တိုင်းပြည်အတွက်တွေ မေ့ထားပြီး အခွင့်အရေးရတုန်းမှာ ကောင်းကောင်း ယူကြဖို့ ဆန္ဒ ရှိနေကြပါတယ်။

အဆိုးဆုံးကတော့ ABSDF ဆိုရင် နာမည်ကောင်း တစ်ခုမှ မရှိပဲ နာမည်ပျက်တွေ များနေသလို၊ ဘယ်သူမှလည်း အထင်မကြီးကြပါဘူး။ အထင်မကြီးချင်လည်း မကြီးချင်စရာပါပဲ တော်တော်များများ က အချင်းချင်းကိုက် ဖို့လောက်စဉ်းစားနေကြသူတွေပါ။ ဘာမှလည်းလက်တွေ့လုပ်ဖို့မစဉ်းစားတတ်ကြသလို၊ ဘာမှလည်း အရည်ချင်းရှိရှိ မလုပ်တတ်ကြပြန်ပါဘူး။

အထူးသဖြင့် တတိယနိုင်ငံတွေမှာ ရောက်ပြီးအလုပ်မရှိအလုပ်ရှာ၊ အရက်သောက်၊ မုန့်ရှု၊ သူများမယားကြာခို၊ လင်ရှိမယားတွေက ဖောက်ပြန်၊ အားမရရင် ကိုယ့်အထုတ်ကိုကိုယ် အင်တာနက်ကနေဖြေကြ။ ABSDF ရဲဘော်ဟောင်းတွေအချင်းချင်းတည့်တာရှားတယ်။ အားလုံးဆရာကြီးပဲ။ ဗိုလ်တွေကြီးပဲ။ ပညာလည်းဟုတ်တိပတ်တိမသင်၊ အလုပ်လည်းကောင်းကောင်းမလုပ်၊ ကြာလာတော့ လူထုတစ်ရပ်လုံးက ABSDF ရဲဘော်တွေဆိုရင် ရွံ့ရှာစရာ၊ စက်စုတ်စရာ လို့ သိလာကြပါတယ်။ သိသာသိစေ မမြင်စေနဲ့ စကား ရှိပေမယ့် ABSDF အဖွဲ့ဝင်အားလုံး မဆင်ချင်ကြပါဘူး။ ဒါပေမယ့် အားလုံးကတော့ ကိုယ့်ကိုကိုယ်ဟုတ် လားပြီထင်နေ ကြပါတယ်။
ဒီလိုနဲ့ပဲ သမိုင်းတွေက မကောင်း၊ အနာဂတ်တွေက အစွန်းရောက်ဖြစ်ကုန်ပါတယ်။ အသက်တွေကလည်း အားလုံး ၅၀ နီးပါးကပ်နေပြီ။ နောက် ၁၀ နှစ်ဆိုရင် ပင်စင်ရကြတော့မှာ ပါ။ တတိယ အရွယ်ရောက်နေကြပေမယ့် ဘယ်သူမှ တရားမပေါက်ကြပါဘူး။ သူတို့သားသမိးတွေနဲ့ ဘေးနားက လူငယ်တွေက အတုခိုးမှ အနာဂတ်ပါ ဒုက္ခရောက်ကြ ရပါအုံးမယ်။

နိဂုံးချုပ်ရရင်တော့ ဒီနေ့ နာမည်ပျက်တွေနဲ့ ABSDF ကို ဘယ်မျိုးဆက်သစ်မှ အတုမယူကြပါနဲ့။ ABSDF ထဲကနေ တတိယ နိုင်ငံရောက် လူ သုံးထောင်ကျော်ထဲမှာ ထွန်းပေါက်သွားတဲ့လူ တစ်ယောက်မှ မရှိပါဘူး။ လူမွှေးလူတောင် မပြောင်တဲ့ လူတွေကတော့ အကုန်ပါပဲ။ တတိယနိုင်ငံကို နေထိုင်ဖို့ အခွင့်အရေး အရဆုံးက ABSDF ဖြစ်ခဲ့ပေမယ့် ABSDF ဟာ အရင်တုန်းကလည်း လူထုကောင်းအောင် ဘာမှ မလုပ်ခဲ့ပါဘူး။ အခုလည်း ဘာမှ လုပ်မနေ ကြပါဘူး။ နောက်နောင်လည်း သူတို့ဘဝ နဲ့ မိသားစုအတွက် လုပ်ရင်း သေကြမယ့်လူတွေချည်းပါ။ ရဲဘော်သုံးကျိတ် ပြည်ပကနေ အပြည်မှာ လူထုတစ်ရပ်လုံးက ပန်းကုံးစွပ် ကြိုဆိုခဲ့ကြပေ မယ့် ကျောင်းသား တပ်မတော်သားတွေ ပြည်ပကနေ ပြန်လာရင်တော့ ပန်းခွေစွပ်ချင်တဲ့ ပြည်သူတွေ အများကြီးက စောင့်နေလျှက် ရှိကြောင်းပါ။

အရှက်တရားလုံးဝ မရှိ၊ အဆင့်တန်းမရှိ ဆဲဆို၊ ဦးသိန်းစိန်ကို ဖိနပ်နဲ့ပေါက်၊ နိုင်ငံကို အရှက်ကွဲအောင် လုပ်ပြီး ဒေါ်လာ ယူသွား သူများကို စက်တင်ဘာ (၁) ရက်၊ မနက် (၈) နာရီ၊ ရန်ကုန်လေဆိပ်ရောက်မည်။ ဒီလိုလူမျိုးတွေကို ဂုဏ်ပြုကြိုဆိုသင့်သလား.... တန်ပြန် သင်ခန်း စာပေး သင့်သလား... နောင်လာနောင် သားတွေ အတု ယူ မမှားဖို့ တာဝန်ကျေလို သူများ မနက် (၇) နာရီခွဲတွင် လေဆိပ်၌ စုမည်။ သမ္မတကြီး ဦးသိန်းစိန် နှင့် နိုင်ငံသိက္ခာအတွက် မည်သည့် ဘက်တော်သား မဆို ဖိတ်ခေါ်သည်။ အင်္ကျီအနီဝတ်ခဲ့ပါ။ ဆင်ကြယ်ဖိနပ် စီးလာပါ။


http://www.facebook.com/photo.php?fbid=477094358982060&set=p.477094358982060&type=1&ref=nf

0 မှတ်ချက်:

Post a Comment