Showing posts with label ဟောပြောပွဲ. Show all posts
Showing posts with label ဟောပြောပွဲ. Show all posts
မှတ်တောင်ထားရအုံးမယ်နော် နိုဘယ်ဆုရှင်ကြီးရယ်
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို ဘားမားဟု သုံးနှုန်းခြင်းနှင့်ပတ်သက်၍ ယနေ့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရုံးချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အောက်ပါအတိုင်း မှတ်ချက်ပြု ပြောကြား ခဲ့သည်။
"ကျွန်မတို့ မြန်မာနိုင်ငံကိုပေါ့နော်၊ လွတ်လပ်ရေးရစဉ်ကတည်းက အင်္ဂလိပ်ဘာသာအရ တရားဝင် Burma ဆိုတာ သုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒီလို ဘားမားလို့ သုံးတဲ့ဟာကို န.၀.တ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့)ခေတ်မှာ ပြောင်းခဲ့ပါတယ်။ ပြောင်းတုန်းက ပြည်သူလူထုရဲ့ ဆန္ဒကို လုံးဝမလေ့လာခဲ့ဘူး။ ဆန္ဒခံယူပွဲ လုပ်တာကို ကျွန်မပြောတာမဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ ဆန္ဒသဘောထား တွေကို လေ့လာမှုမရှိဘဲနဲ့ တစ်နေ့မှာ ဒီလိုပဲပြောင်းလိုက်တာပါ။ ဒါကို ကျွန်မအနေနဲ့တော့ မူအားဖြင့် မလုပ်သင့် ဘူးလို့ ကျွန်မထင်တယ်။ ဒီလိုနိုင်ငံတစ်နိုင်ငံရဲ့ နာမည်ကို နိုင်ငံခြားသားတွေသုံးဖို့ကို ပြောင်းတယ်ဆိုရင်တောင်မှ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အထင်အမြင်ကိုတော့နည်းနည်းတော့သုံးသပ်သင့် တယ်။
ကဏ္ဍ
ဟောပြောပွဲ
Subscribe to:
Posts (Atom)

