Pages

ဒီပါတီ မထိနဲ့ …မီးပွင့်သွားမယ်...





“ငါကကျပ်ငွေနဲ့ ရတာ၊ မင်းလို ဒေါ်လာနဲ့ လစာရတာ မဟုတ်ဘူးကွ။ ကျပ်ငွေနဲ့ ရပေမယ့် ဦးသြဘာသကျောင်းမှာ ဆွမ်းခွက်ဆေး၊ ကြမ်းတိုက်လာတဲ့ ကျောင်းထွက်ကွ ဘာမှတ်တုန်း”
(ပုံ – ဦးသြဘာကျောင်းထွက် ဘော်ဒီဂတ်)

“ကျပ်ငွေနှင့် ဒေါ်လာကို အစိုးရက ပေါက်ဈေးသတ်မှတ်ပြီးဖြစ်သဖြင့် ကျပ်စား၊ ဒေါ်လာစား ပြဿနာ မရှိသင့်။ ရှိသမျှဒေါက်တွေ ကျိုးသော်လည်း ဆဋ္ဌမဒေါက်တိုင်ကို စတီးရိုးဖြင့် အစားထိုး မည်။ စိန်နားကပ်အရောင်နှင့် ပါးပြောင်ကြသည့်တိုင် စိန်နားကပ်ပိုင်ရှင်နှင့် ဆက်လက် ဆက်ဆံသွား မည်” (ပုံ – ဆဋ္ဌမဒေါက်တိုင်များ အစည်းအရုံး)

“ဆဋ္ဌမဒေါက်တိုင်ကို အရင်းကဖြုတ်ပြီး ထင်းလုပ်ပစ်လိုက်မယ်။ ဘာမှတ်သလဲ။ စိန်နားကပ်အရောင်နဲ့ ပါးပြောင်တော့ မီးပျက်တဲ့ရက် အလင်းရောင်တောင်ရသေးတယ်။ စိန်နားကပ်နဲ့ ပတ်သက်လို့ အနားတောင်မကပ်နဲ့” (ပုံ – ရမ်းသမ်းထောက်ခံသူများ)

“စိန်နားကပ်လည်း စိတ်မဝင်စားဘူး၊ ဘော်ဒီဂတ်လည်း စိတ်မဝင်စားဘူး။ စိန်နားကပ်ငှားရင် ပေါင်စားမယ်၊ ဘော်ဒီဂတ်ထွားရင် လူမိုက်ငှားမယ် … ဒါပဲ” (ပုံ – ဘက်မလိုက် ကြားမနေအဖွဲ့)

“ကျွန်ုပ်တို့က ဘာဖြစ်ဖြစ် စိန်နားကပ်နဲ့ ဘော်ဒီဂတ်ကိုသာ မျက်စိမှိတ်ထောက်ခံသည်။ မိုက်လျှင် ဖေ့ဘုတ်အုပ်မှာ ချမည်။ ဘယ်သူက ထမင်းမစား၊ အိပ်ယာမဝင်ဘဲ အပြန်အလှန်ဖေ့စ်ဘုတ်ရေးရဲ သလဲ … လာခဲ့။ မနိုင်လျှင် လူချင်းတွေ့က ဖက်ကိုက်မည်” (ပုံ – ရမ်းသမ်းထောက်ခံသူများကို မြှောက်ပေး … အဲလေ … ထောက်ခံသူများ)

ဘကြီးအောင်နှင့်တွေ့ခြံဝတွင် ရောက်နေသော မောင်ကာဠနဲ့ မောင်ကျောက်ခဲတို့ ဘကြီးအောင် ဖတ်နေသော စာသံများကြောင့် နားမလည်ဖြစ်ကာ တယောက်မျက်နှာ တယောက်ကြည့်မိလေ သည်။

မောင်ကာဠု။ ။ ဘကြီးအောင်ကွန်ပြူတာရှေ့မှာ ဘာတွေ ဖတ်နေတာတုန်းဗျ။ သိုင်းဝတ္ထုလား။

ဘကြီးအောင် ။ ။ ခေတ်သစ် မော်ဒန် “ဗရုတ်ဖေ့ဘုတ်” သိုင်းဝတ္ထုဆို မှန်မယ်။ ဘွာတော်သာ သမီးတွေပြောတဲ့ စကားလုံးတွေ၊ ဆဲသံတွေနဲ့ တဖြောင်းဖြောင်း တဂျိမ်းဂျိမ်း ပစ်ခတ်နေကြတာ
နားရွက်နားက ရွှီကနဲ ရွှီကနဲ ဖြစ်သွားလို့ မနည်းရှောင်နေရတယ်ဟေ့။

မောင်ကျောက်ခဲ။ ။ ဘကြီးအောင်ဖတ်နေတဲ့ဟာက ဒီမိုကရေစီမိခင်ကြီးရဲ့ ပြည်တော်ပြန်မှာ ဆန္ဒပြမိတဲ့ သတင်းကို ဖတ်နေတယ်ထင်တယ် .. ဟိ … ဟိ။

ဘကြီးအောင်။ ။ ဟိုတလောက သတင်းတပုဒ် ဖတ်လိုက်ရတယ်။ အလုပ်မရှိသူ ဝေလေလေများသာ ဖေ့ဘုတ် အသုံးများသည်တဲ့။ အခု အဲဒီအဆိုပဲ မှန်တယ် ပြောရမလား၊ “ဒီပါတီကို မထိနဲ့က တဖက်” … “အခုအစိုးရကိုယုံကြည်သူများတဖက်” နပမ်းလုံးတဲ့ပွဲ ဆိုးပါ့ကွာ ။

မောင်ကာဠု။ ။ ဘကြီးအောင်လည်း ဖေ့ဘုတ်မသုံးရမနေနိုင်ဆိုတော့ အလုပ်မရှိ ဝေလေလေထဲ ပါတာပေါ့နော်။

ဘကြီးအောင်။ ။ ဘာကွ… ရာရာစစ … တန်ဆေးလွန်ဘေးပဲကွ။ မင်းလိုသာပြောကြကြေးဆို ဒီမိုကရေစီမိခင်ကြီးရဲ့ နောက်မြီးဆွဲတွေလည်း ဝေလေလေတွေ ဖြစ်ကုန်တော့မပေါ့။

မောင်ကာဠု။ ။ ဘကြီးအောင် အဲဒီ ဖေ့ဘုတ် နပမ်းသတ်ပွဲမှာ ဘယ်သူက လွန်တာလဲဗျ။ အခုက ခေတ်သစ် စနစ်သစ်မှာ မိမိတို့ဆန္ဒကို ဖော်ထုတ်ကြတာအပြစ်လာဗျာ..။ ကြက်တူရွေးကတော်တော် မယ်ဘော် က ကဲကဲပါဗျာ။နောက်ပြီးတော့ အဲဒီပါတီကလူတွေက မနေ့ကမွေး ဒီနေ့ကြီး၊ ချက်ချင်းဆရာကြီးဂိုက် ဖမ်းနေတာ။ မပြည့်အိုးတွေက မင်းလိုပေါ့မောင်ကျောက်ခဲရာ အဟား။

မောင်ကျောက်ခဲ။ ။ ဒေါသထွက်လာလေသည်..။ နိုင်ငံတကာက ဆုတွေအများကြီးပေးထာတာကွ ငါ့တို့အမေကို..။မင့်တို့ပဲ ငါ့တို့ အမေကို ဝေဖန်တာ မင်းတို့က ငါ့တို့ အမေကို ဝေဖန်ရအောင်
မင့်တို့က ဘာကောင်လည်ကွ မင့်က စစ်ခွေးလာ.. ကြံဖွတ်လာ..စွမ်းအားရှင်လာ ဘာလည်ကွ.. ။

မောင်ကာဠု ။ ။ဘာကွ၊ မင်းတို့သာ မျက်စိစုံမှိတ်ပြီး မူမသိ၊ အနှစ်သာရမသိ၊ ကိုယ်ပြောလိုက်တဲ့ စကား ကိုယ်လုပ်လိုက်တဲ့အလုပ်တွေ ကိုယ့်ခေါင်းရှောင်းကို ပြန်ဆောင့်ပြီး ကိုယ့်ပေါင်လှန်ထောင်း လို့ ထောင်းမှန်း မသိ ဖြစ်နေတာကွ …မင့်တို့အမေပြောပြောနေတဲ့ ဒီမိုကရေစီ ကိုမြတ်နိုးပါတယ်.. တရာဥပဒေစိုးမိုးရမယ် လူနည်းစုကို လူများစုက အနိုင်မကျင့်ရဘူးဆိုတာလေ..။

ဘကြီးအောင်။ ။ ကိုင်းကိုင်း … တော်ကြတန်ကြ၊ ဖေ့ဘုတ်ရန်ပွဲနဲ့ပဲ ငါ့အဖို့ တော်လောက်ပြီ၊ မင်းတို့ ရန်ပွဲ မကြည့်ချင်ဘူး။

မောင်ကာဠု ။ ။ ဘကြီးအောင် မသိလို့၊ ဒီပါတီက အရေးကြီးတဲ့ပုဂ္ဂိုလ်က တော်တော်၊ အနားက လူတွေက ယောက်ယက်ခတ်နေတာဗျ။ တကယ်ဆို ဒီမိုကရေစီခေတ်ပဲ သူ့ပြန်တဲ့လမ်း
တလျှောက်လုံး ဆန္ဒပြတယ်ဆိုလည် ဘာဖြစ်လည်.။သူ့တို့ အမေဆိုတဲ့ ဘွာတော်ပြောနေကြ ဒီမိုကရေစီ ကိုမြတ်နိုးပါတယ်ဆိုတာ ပုံပြောတာလာဗျ...။

ပွဲက ဇာတ်ရှိန်မြင့်လာသဖြင့် ဘကြီးအောင်တော့ ဖြန်ဖြေရေး စရလေတော့သည်။

ကျောက်ခဲ ။ ။ မောင်ကာဠုရယ် … တို့အမေကြောင့်ခေတ်ကြီးပြောင်းလွဲလာတယ်ဆိုတာ ထည့်ပြောဦးလေ။

မောင်ကာဠု။ ။ တိန်..အဟက် ဟာသတွေ တော်တော်ပြောတတ်လာတယ် မောင်ကျောက်ခဲ က..မင့် တို့အမေဆိုတဲ့သူ မြန်မာနိုင်ငံအတွက်လုပ်တဲ့ အလုပ်လေ တစ်ခုလောက်ပြစမ်ပါကွာ ..ဘာလည် မိုက်ခဲတာနဲ့ ကိုယ်ဟန်ပြလျှောက်တာလာ အဟက် ခိခိခိ။

ကျောက်ခဲ ။ ။ ဘာကွ မင်း မင့်နော် ငါ့တို့ အမေကို မထိနဲ့ အမေ့ထမီခေါင်းမှာပက်ထားတာကွ ဟင်..။

ဘကြီးအောင်။ ။ အချိန်တန်တော့ ဗမာပြည်သူတွေ အဲဘွာတွေ ဟိဟိ မြန်မာပြည်သူတွေ သိလာကြမှာ   ပါကွာ..ကယ်ကယ် တော်ကြ။

မောင်ကာဠု။ ။ ဘကြီးအောင်ကလည်… သူတို့ပါတီကလူတွေကလည်း ဘုန်းကြီးကျောင်း တက်တုန်းက စာကြေအောင် မသင်ခဲ့ဘူးထင်ပါရဲ့။မာရေကြောရေနဲ့ဗျ။

မောင်ကျောက်ခဲ။ ။ အောင်မယ် …မောင်ကာဠုရယ် … မင်တို့ကလည် ငါ့တို့အမေကို တောင်မှီလို့လာ သူလို့လုပ်နိုင်လာ..အဟက်..။

မောင်ကာဠု။ ။မင်းတို့ကောင်တွေက ကမ္ဘာဖလာပွဲမှာအာဖရိကက ကပ္ပလီတွေနဲ့အတူတူပဲ လက်ထဲနှဲ ကြီး ရောက်တာနဲ့… ဘေလူတွေနာမခံနိုင်အောင် အသံကျယ်ကျယ်နဲ့မှုတ်ပြချင်တော့တာ ကိုး ။

မောင်ကျောက်ခဲ။ ။ဒီမိုကရေစီဆိုတာ ပြောချင်တာပြော၊ ပြခြင်းရာပြလို့ ရလို့လားကွ။ တို့အမေကို နိုင်ငံတကာက ဆုတွေအမျိုးမျိုးပေးထာတာ မြန်မာနိုင်ငံမှာ တို့အမေလို့ ဆုကြီးကြီးရဖူးတဲ့သူ ဘယ်သူရှိလည်ကွ..ဟဟဟ

မောင်ကာဠု။ ။ ဟဟ မင်းစစ်တုရင် ကစာဖူးတာပဲကွာ ဒီလောက်ဆို သဘောပေါက်စမ်းပါကွာ ..နိုင်ငံရေးအရင်လေ့လာပါဦး၊ ဘာမှမသိ ရမ်းထောက်ခံနေရင် မြင်းထိန်းငတာ ဖြစ်နေပါဦးမယ်။

ဘကြီးအောင်ရှေ့ မျက်မှောက် လက်ငင်းဖြစ်နေသော “ဒီပါတီကို မထိနဲ့က တဖက်” … “အခုအစိုးရကိုယုံကြည်သူများတဖက်” ပွဲကား အထွဋ်အထိပ် ရောက်လေပြီ။

မောင်ကာဠု။ ။ ဒီလို မင်းတို့က စည်းကမ်းမဲ့ ထိုးတာ ဒီမိုကရေစီနည်းလမ်းကျသလားကွ … မင်းတို့ ဒီပါတီ ကလူတွေဟာ တယောက်ကို ထိရင် အကုန်ကျီးကန်းတွေလိုပဲ …. ဝိုင်းပြီးတော မိုးမွှန်အောင်ဆဲကြတာလေ ဝိုင်ကိုက်လိုက်ကြတာလည် အိမ်က အောင်နက်ကို ကိုက်နည်းသင်းတန်း သွာတတ်ခိုင်ရမယ့်ပုံ ဟွင်..။


ဘကြီးအောင်ကား များစွာ စိတ်ရှုပ်လာသဖြင့် မောင်ကာဠု နှင့် မောင်ကျောက်ခဲကိုပါ အော်လေတော့သည်။

ဘကြီးအောင်။ ။ ဟေ့ တော် … တန် … တိတ် …။ ဖေ့ဘုတ် ရန်ပွဲနဲ့တင် စိတ်ညစ်လှပြီ။ အခု မျက်မြင်ကိုယ်တွေ့ ရန်ပွဲ ထပ်ကြုံနေရပြန်ပြီ။ ကိုင်း … သွားကြတော့ … နပမ်းလုံးချင်လည်း အပြင်မှာ ထွက်လုံးကြပေတော့။

ဘကြီးအောင်သည် လက်သီးတပြင်ပြင် အံတကြိတ်ဖြစ်နေသော မောင်ကာဠု နှင့် မောင်ကျောက်ခဲ ကို ခြံစည်းရိုအပြင်ဘက်သို့ မောင်းထုတ်လိုက်လေတော့သည်။

ဘကြီးအောင် ။ ။ အမှိုက်ကစ ပြသာဒ်မီးလောင်၊ ဖေ့ဘုတ်မှာတောင် မနည်းရှောင်နေပါတယ်ဆိုမှ ကိုယ့်ရှေ့လာပြီး ရန်ဖြစ်ကြတာနဲ့ တိုးနေတယ်။ ဒုက္ခ …။

ဤသို့ဖြင့် ဘကြီးအောင်သည် မိုးချူပ်လာသောကာလ စိတ်က မရိုးမရွရှိသည်နှင့် ဖေ့ဘုတ်သို့ တက်လိုက်သည် ရှိသော် မြင်လိုက်ရသော ကြေညာချက်များကြောင့် ဆွေ့ဆွေ့ခုန် ဒေါသထွက်ကာ သတင်း ကိုအတင်း ဖွလေသော မောင်ကာဠု နှင့် မောင်ကျောက်ခဲကို အမှုန့်ကြိတ်ချင်စိတ်များ တဖွားဖွား ပေါ်နေလေတော့သတည်း။

“ဘကြီးအောင်၏ ဗူးစင်အောင် ကွက်ပျစ်ပေါ်တွင် ခြံစည်းရိုတံခါးပိတ်အစည်းအဝေးပြုလုပ်ကာ ကျွန်ုပ်တို့၏ ဒီပါတီကို ထိပါးပြောဆိုမှုများ ပြုလုပ်သည်ဟု ကြားသိရသဖြင့်ဘကြီးအောင်ကို ပြင်းထန်စွာ ကန့်ကွက် လိုက်ပါသည်” (ပုံ – ရမ်းသမ်းထောက်ခံသူများ)

“ကွပ်ပျစ်ထက် စကားဝိုင်းဆွေးနွေးပွဲ၌ နှစ်ဖက်စလုံး “မှား” သည်ဟု ပြောဆိုခဲ့ကြောင်း ကြားသိရသဖြင့် လက်ခံ ကျင်းပသော ဘကြီးအောင်ကို ကန့်ကွက်လိုက်ပြီး ဖြစ်စဉ် အသေးစိတ်ကို စုံစမ်းထုတ်ပြန်သွားမည်” (ပုံ – ဆဋ္ဌမဒေါက်တိုင်များ အစည်းအရုံး)


ဖက်ဖူးတဲ့ ဟာသလေကို ပြန်လည်ဆန်သစ်လိုက်တာပါ..
ခုနှစ်ရက်သာသမီးများ၏ မေတ္တာပို့သမှုကို အထူးခံယူလျှက်ပါ .........

0 မှတ်ချက်:

Post a Comment