Pages

ရန်သူဘယ်သူလဲ?



မြောက်ပိုင်းလူသတ်မှုကြီးမှာကိုယ်တိုင်ကိုယ်ကျနှိပ်စက်ညှင်းပန်းခံရပြီုးလွတ်မြောက်လာသူတွေရဲ့ ခါးသည်းတဲ့ အတွေ့အကြုံတွေကိုဘေးကနေကိုယ်ချင်းစာပါတယ်ဆိုတဲ့သူတွေအနေနဲ့တကယ်ခံခဲ့ရသူတွေလောက်နက် နက်ရှိုင်းရှိုင်းမခံစားနိုင်ဘူးဆိုတာတော့ကြိမ်းသေပါတယ်။

လောကငရဲကျပြီးရက်ရက် စက်စက်အသတ် ခံရသူတွေအတွက်တရားမျှတမှုရအောင်ကြိုး စား ဆောင်ရွက်မယ်ဆိုတဲ့ သူတွေထဲမှာလဲ တကယ်လပေါင်းများစွာ နှိပ်စက်ညှင်းပန်းခံရပြီးလွတ်မြောက်လာသူတွေပါသလို၊ မတရားမှုကို မကြိုက်တဲ့လူလူချင်းကိုယ်ချင်းစာတရားရှိသူများလည်းပါဝင်ပါတယ်။



ကိုယ်တိုင်အနှိပ်စက်ခံရပြီးအသက်ဘေးကလွတ်လာသူတွေထဲမှာလဲသူတို့ခံခဲ့ရတာတွေကိုမေ့လိုက်ပြီးဘဝသစ် ကိုလျှောက်နေသူတွေရှိသလို၊ဒီအဖြစ်ကိုမမေ့နိုင်ဘဲမတရားအသတ်ခံခဲ့ရတဲ့ရဲဘော်ရဲဘက်တွေရဲ့ဂုဏ်သရေကိုဆယ်ဖို့
စိတ်ပိုင်းဖြတ်ထားသူတွေလဲရှိနေပါတယ်။

ဒီလိုအမှန်တရားကိုဖေါ်ထုတ်ဖို့ကာယကံရှင်တွေကကျိုးစားဆောင်ရွက်နေတာကိုကိုယ်ချင်းစာတရားရှိတဲ့လူတွေကလဲတတ်နိုင်တဲ့ ဖက်ကဝိုင်းဝန်းပံ့ပိုးကူညီကြပါတယ်။ဒါပေမဲ့တချို့ပန့်ပိုးကူညီသူတွေဟာအားမလိုအားမရ ဖြစ်လို့လားဘာမှန်းမသိမကြာသေးခင်

ကာလမှာဒီကိစ္စကိုအခက် အခဲကြားကလုပ်နေတဲ့ကာယကံရှင်တွေနဲ့ကိုယ်ထိလက်ရောက်ဝင်ကူနေသူတွေကိုတိုက်ခိုက်လာခဲ့ပါတယ်။

အဲဒီလုပ်ရပ်ဟာတကယ်တော့ရွှေခဲကတော်တော်မယ်ဘော်ကကဲဆိုသလိုဖြစ်နေတော့တာဘဲ၊လက်တွေ့လုပ်နေသူတွေကိုအချိန်

ဆွဲနေတယ်၊ဟန်ဆောင်နေတာ၊တကယ် လုပ်နေတာမဟုတ်ဘူး၊အမှု့ဖျောက်ဖျက်ဖို့ကြိုး စားနေတယ်၊လက်ဝါးကြီးအုပ်ထားတယ် ဘာတွေလုပ်နေမှန်းလဲမသိဘူး စသည်ဖြင့် ဝေဖန်တိုက် ခိုက်မှု့တွေ ကို ဗြောင်တမျိုးအောက်လမ်းနည်းနဲ့တဖုံ ပြုလုပ်လာတာတွေ့ရတော့ ဒီလူတွေဟာတကယ်ဖြစ်ရပ်မှန်ကိုစေတနာမှန် စွာနဲ့အမှန်တ ကယ်ဖေါ်ထုတ်စေချင်သူတွေလား? ကိုယ့်စိတ်အလိုမကျတိုင်းစိတ်ဓါတ်ကြံခိုင်စွာနဲ့ တစိုက်မတ် မတ်လုပ်နေသူတွေကိုစိတ်ဓါတ်ကျအောင်လုပ်နေတဲ့ သူ့လူကိုယ့်ဘက်သားများလေလားလို့သံသယဖြစ်မိတယ်။ ဒါမှမဟုတ်မိမိကိုယ်ကိုထင်ပေါ်အောင် လုပ်ပြနေတာလားစဉ်းစားစရာဘဲ။

ပြည်တွင်းပြည်ပကအမှန်တရားကိုဖေါ်ထုတ်ဖို့ကြိုးစားနေတဲ့သူတွေကိုယ့်ကိုယ်ကိုပြန်မေးရမှာက မြောက်ပိုင်း ကိစ္စမှာလက်တွေ့ငါဘာကိုလုပ်ပေးနေသလဲဆိုတာဘဲ၊ တရားဥပဒေအရလူသတ်တရားခံတွေကိုအရေးယူဖို့ကိစ္စ မှာ ဥပဒေကြောင်းအရသွားဖို့ကိစ္စမှာဘယ်လိုအခက်အခဲတွေရှိတယ်ဆိုတာသိနိုင်တဲ့အရည်အချင်းရှိဖို့လိုတယ်၊ ဒီအခက်အခဲတွေကိုလေ့လာစမ်းစစ်ဖို့မလုပ်ဘဲလုပ်ကိုင်ဆောင်ရွက်နေသူတွေကိုတိုက်ခိုက်လာတာဟာသဘောထားမမှန်ဘူး။

တရားခံတွေကိုထိထိရောက်ရောက်အရေးယူနိုင်ဖို့ကိစ္စမှာလက်တွေ့လုပ်နေသူတွေကိုအားပေးထောက်ခံဖို့လိုတယ်၊ဝေဖန်
တိုက်ခိုက်နေဖို့မဟုတ်ဘူး။

နေရာတကာမှာကိုယ်မသိတာကိုမသိသလိုမနေဘဲတဆင့်စကားတွေကိုအခြေခံပြီးပုဂ္ဂိုလ်ရေးအရတိုက်ခိုက်လာ တာတွေ့လာရတယ်။တကယ်လက်တွေ့ကြကြ ငွေကုန်ကြေးကြခံပြီး လူပင်ပန်း စိတ်ပင်ပန်းခံပြီး ကျန်ရစ်သူမိ သားစုဝင်တွေနဲ့ လက်တွဲလုပ်ကိုင်နေသူတွေရဲ့ စိတ်ဓါတ်ပျက်ပြားအောင် တဆင့်ခြင်းရိုက်ချိုးနေတာ၊ အပြစ် တင် ဝေဖန်ရှုံ့ချနေတာဟာ စေတနာမှန်ပါတယ်လို့ ယူဆရမှာ ခက်ခဲလှပါတယ်။

တကယ်လက်တွေ့ကျကျစနစ်တကျနဲ့ကျန်ရစ်သူမိသားစုရဲ့ရှေ့မှာမားမားမတ်မတ်ရပ်တည်နေသူ၊မတရား သဖြင့်ခံစားခဲ့ရပြီး လွတ်မြောက်လာသူတွေထဲမှ အမှန်တရားအတွက် ရဲဝန့်စွာရင်ဆိုင်နေကြသူတွေကို ဆောင်းပါးတွေနဲ့တမျိုး ၊ comment တွေနဲ့တဖုံ အပြစ်တင်ဝေဖန်ခြင်း တိုက်ခိုက်ခြင်းများပြုလုပ်တာဟာ တရားခံများဘက်မှ အင်အားသာစေလိုသောပြုမှုမျိုးသာဖြစ်ပါတယ်။

ဒီကိစ္စအတွက်ဘာတွေလုပ်နေပါတယ်ဆိုပြီးအားလုံးကိုဖွင့်ချပြရမဲ့အချိန်မဟုတ်ဘူးဆိုတာသိဖို့လိုတယ်၊မင်းတို့ဘာတွေလုပ်နေ

တယ်ဆိုတာငါတို့အားလုံးကိုအသိပေးပါဆိုနေသူတွေကိုတခုတော့မေးလိုက်မယ် ဒီမြောက်ပိုင်းဂရုမှာအမှန်တရားကိုဖေါ်ထုတ်ချင်တဲ့သူတွေဘဲစုထားတယ်ထင်သလား?

အမှန်တရားပေါ်ရင်သူတို့ကျေးဇူးရှင်တွေဒုက္ခရောက်မှာစိုးလို့လာစနည်းနာနေတဲ့သူတွေလဲရှိနေတယ်ဆိုတာဘဲ၊ညီညွတ်ရေး

ပျက်ပြားစေမဲ့တိုက်ခိုက်မှုတွေလုပ်ကြံမှုတွေရဲ့အကျိုးဆက်ဟာမြောက်ပိုင်းကိစ္စဖေါ်ထုတ်ရေးမှာဘယ်လိုကောင်းကျိုးကိုမှ
မဖေါ်ဆောင်နိုင်ဘူးဆိုတာရှင်းရှင်းလင်းလူတိုင်းသိနိုင်တဲ့ကိစ္စဖြစ်တယ်၊

ဒါဖြင့်ရင်ဘာကြောင့်ဒီလိုတိုက်ခိုက်မှုတွေဖြစ်လာတာလဲ?တရားခံတွေကိုတရားဥပဒေအရအရေးယူနိုင်မဲ့အခြေအနေလမ်းစပွင့်လာ

တဲ့အနေအထားမှာဒီလိုတိုက်ခိုက်မှုတွေဘာကြောင့်ပေါ်လာရတာလဲ ?စဉ်းစားကြည့်ကြပါ မြောက်ပိုင်းကျောင်းသားသတ်ဖြတ်မှု့နဲ့ပက်သက်ပြီး ဝေဖန်တိုက်ခိုက်နေသူများကိုနောက်ဆုံးအနေနဲ့ပြောခြင် တာကတော့ တကယ်စေတနာအရင်းမှန်နဲ့အမှု့မှန်ပေါ်ပေါက်စေလိုရင် နောက်ထပ်ရှေ့နေတဦး ထပ်ငှားပြီး

တရားလိုများနဲ့တရားစွဲဆိုနိုင်ရန်တိုင်ကြားချက်ဖွင့်နိုင်သည်အထိလက်တွေ့ကျကျပြုလုပ်စေလိုပါတယ်။ဘယ်သူတွေကအပြောအရေး

နဲ့တင်မနေဘဲလက်တွေ့အကောင်အထည်ဖေါ်နေတယ်ဆိုတာအားလုံးသိလာတဲ့တနေ့အောက်တန်းကျကျတိုက်ခိုက်နေသူတွေသူ့အ
လိုလိုကျဆုံးသွားမယ်လို့
လုံးဝယုံကြည်မိတယ်။

တည်ကြည်စွာဖြင့်

ထွန်းအောင်ကျော်
Lin Luck Lu
https://sites.google.com/a/8888linker.com/nothern/home/general/general

0 မှတ်ချက်:

Post a Comment