မြန်မာနှင့်အင်္ဂလိပ်တို့ သည် ၁၈၂၄ ၊ ၁၈၅၂ ၊ ၁၈၈၅ တို့ တွင်စစ်ပွဲ (၃)
ကြိမ်ဖြစ်ပွား ရှုံးနိမ့်ခဲ့ ပြီး မြန်မာနိုင်ငံ တ နိုင်ငံလုံး
အင်္ဂလိပ်လက်အောက် ကျွန်သဘောက် ဘ၀ သို့ ရောက်ရှိခဲ့
သည်။(၃)ကြိမ်လုံးမည်သည့်အ တွက်ကြောင့် ရှုံးနိမ့်ရသနည်းပြန်လည် ဆန်းစစ်ပါက အသုံးပြုသည့် လက်နက်ကိရိယာ ကွာခြားခြင်း စက်မှု လက်မှု အတတ်ပညာကွာခြားချက်ကြီးမားခြင်း နှင့် စစ်သနင်္ဂနည်းဗျူဟာ အား
နည်းခြင်း(အမြဲတန်း တပ်မတော် တရပ်ကဲ့ သို့ စနစ်တကျဖွဲ့ စည်းလေ့ကျင့်မှုမရှိခြင်း ကိုဆိုလိုသည်) တို့ ကြောင့်ဖြစ်ကြောင်းတွေ့ရှိရသည်။
စစ်ပွဲ (၃)ကြိမ် စလုံးတွင် မြန်မာဘက်မှကိုင်ဆောင်အသုံးပြုသော
အဓိကလက်နက်များမှာ ဓါး ၊ လှံတို ၊ လှံရှည် ၊ လေး မျှား စသည်တို့
သာဖြစ်ပြီး အနည်းငယ်မျှအသုံးပြု ကိုင်ဆောင်သော သေနတ်မှာလဲ မက်ချလော့ (Match
Lock) ခေါ် မီးစာကြိုးမှ မီးကူးပစ်ခတ်ရသည့် သေနတ်များသာဖြစ် သည်။
၎င်းနှင့်ပတ်သတ်၍ အထောက်အ ထားမှာ (၁၈၂၃-၁၈၂၄) ဘကြီးတော်လက်ထက်တွင် စစ်သူကြီး
မဟာဗန္ဓုလ ၏ စစ်ထွက်မိန့်ခွန်းတွင် " ရဲမက် သေနတ်တလက်လျှင် ဗန့်ဗွေးကြိုး
(၃)လွန်းတင် အရှည် (၇)တောင် ၊နားခွက်ဆေးချိန် (၁၀ ကျပ်သား) ၊
ကျည်ယမ်း (၁ ပိဿာ) ၊ ကျည် လုံးရေ (၁၀၀) ၊ ယမ်းတောင့် (၅၀) ၊ မီးကျောက် (၅) ၊
ဒုံးကုလား ကျောက်ဆပ် (၁) ၊ အုန်းဆံကာဖတ် များပါစေ" ဟုဖော်ပြထား
ခြင်းအားကြည့်၍ သိနိုင်ပါသည်။ တူမီးသေနတ်ကဲ့ သို့ပင်
အဆင့်မြင့်မားခြင်းမရှိသေးကြောင်းတွေ့ရှိရသည်။ တဖန် ပေါ်တူဂီနှင့် ပြင်သစ်ကုန်သည်များမှရောင်းချသော သေနတ် များမှာလဲ ၄င်းတို့ အသုံးပြုပြီး ပြန်လည်ပြုပြင်ထားသော လက်နက်များသာ ဖြစ်သည်။
အင်္ဂလိပ် တို့ တွင် ၄င်း မက်ချလော့ (Match Lock) အမျိုးအစားသေနတ်အား (၁၆၉၀ ဧပြီ ၁၄)ရက်နေ့တွင် အသုံးပြုခြင်းမှပယ်ဖျက်ခဲ့ပြီးဖြစ်သည်။ ၁၈၂၄ - ၁၈၂၆ အချိန်တွင် အင်္ဂလိပ်တို့ သည် ဖလင့်လော့ ( Flink Lock ) ခေါ်လျှင်မြန်စွာ ပစ်ခတ်နိုင်သည့် သေနတ်အားအသုံးပြုနေပြီဖြစ်သည်။ထို့အပြင်
ကွန်မွန်ရှဲလ် (Common Shell) နှင့် ရှရပ်နယ်ရှဲလ် (Shrapnel Shell)
ခေါ်နှစ်ဆင့်ကွဲ အမြောက်များ ၊ ၆ ပေါင်ဒါ ၊ ၉ ပေါင်ဒါ ၊ ၁၂ ပေါင်ဒါ ၊ ၁၈
ပေါင်ဒါ ၊ ၂၀ ပေါင်ဒါ ခံတပ်ဖြို အမြောက်များ အသုံးပြုနေပြီဖြစ်သည်။
သို့ဖြစ်၍ကျွန်ူပ်တို့မြန်မာနိုင်ငံ ထီးကျိုးစည်ပေါက် သူကျွန်ဘ၀ ရောက်ရှိခဲ့ခြင်းမှာလက်နက်အင်အားကွာခြားခြင်း အပြင် ၄င်း ကဲ့သို့သောလက်နက်များထုတ်လုပ် နိုင်သည့် အသိပညာ အတတ်ပညာ ပိုင်းတွင် အခြားနိုင်ငံများ ထက် ခေတ်နောက်ကျကျန်ခဲ့ခြင်းကြောင့်ဖြစ်ခြင်းမှာ အဓိကဖြစ်ကြောင်းတွေ့ရှိရမည်ဖြစ်ပါ သည်။၎င်းကဲ့သို့သော ဘ၀အားလဲ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ မည်သူမျှ ပြန်လည်ရောက်ရှိလိုမည် မဟုတ်သည် မှာသေချာပေ သည်။
ယနေ့ကာလသည် လက်နက်စွဲကိုင်၍ တဦးနှင့်တဦး နိုင်ငံတနိုင်ငံနှင့် တနိုင်ငံ
တိုက်ခိုက်ခြင်းအပြင်နည်းပညာပိုင်း အတတ် ပညာပိုင်း နှင့်လဲ
နိုင်ငံတနိုင်ငံနှင့် တနိုင်ငံ အဖွဲ့အစည်း တခုနှင့်တခု
ထိုးနှက်တိုက်ခိုက်ခြင်းများ ပြု လုပ် လာကြောင်း တွေ့ရှိရမည် ဖြစ်ပါသည်။
နိုင်ငံတနိုင်ငံတွင် တွင်းထွက်ပစ္စည်း ၊ သယံဇာတ ၊ သဘာဝ အရင်းအမြစ်
ပေါကြွယ်ဝခြင်းအပြင် မှီတင်းနေထိုင်ကြ ကုန်သော လူမျိုးပေါင်းစုံ တို့၏
လွတ်လပ်သောအချုပ်အခြာအာဏာပိုင်ဆိုင်မှုမှာလဲ အထူးအရေးကြီးပါသည် ။ကျွန်ုပ် တို့နိုင်ငံသည် မြေပေါ်မြေအောက်သယံဇာတပေါကြွယ်ဝပြီးဖြစ်သဖြင့် အတတ်ပညာနှင့် အသိပညာဖွံဖြိုး တိုးတက်မှုတွင် အခြားနိုင်ငံများထက်နောက်မကျစေရန်
နှင့် အနည်းဆုံးတန်းတူ ရင်ဘောင်တန်းနိုင်ရန် အထူး အရေးကြီး
ပါသည်။ထို့အပြင် မည်သည့် အကြောင်းကြောင့် ဖြင့်ဖြစ်စေ အခြားနိုင်ငံ (သို့)
အခြားလူမျိုး၏ လက်အောက်ခံနိုင်ငံ (သို့) သြဇာခံနိုင်ငံ ထပ်မံ မဖြစ်စေရန်လဲ
အထူးအရေးကြီးပါကြောင်းနှင့်
မိမိနိုင်ငံ လွတ်လပ် ၍ အချုပ်အခြာအာဏာ ရေရှည် တည်တံ့ခိုင်မြဲစေရေး ကျွန်ုပ်
တို့ကဲ့သို့ လက်ရှိ အနာဂါတ်လူငယ် များတွင် များစွာ မူတည် (သို့)
တာဝန်ရှိပါကြောင်းရေးသားဖေါ်ပြအပ်ပါသည်။
လင်းလက်လူ
0 မှတ်ချက်:
Post a Comment