Pages

တုံးတဲ့ အတဲ့ ကိုယ်ကျိုး ကြည့်တဲ့ အတိုက်အခံနဲ့ ထက်မြက်ပြီး နိုင်ငံနဲ့ လူမျိုး အကျိုးကို ကြည့် တဲ့ အတိုက်အခံ ဘာကွာသလဲ??



တုံးတဲ့ အတဲ့ ကိုယ်ကျိုး ကြည့်တဲ့ အတိုက်အခံနဲ့ ထက်မြက်ပြီး နိုင်ငံနဲ့ လူမျိုး အကျိုးကို ကြည့် တဲ့ အတိုက်အခံ ဘာကွာသလဲ?? အခုလို အစိုးရ က တက်တက်ကြွကြွနဲ့ နိုင်ငံနဲ့ လူမျိုး ကောင်းဖို့ လုပ်ဆောင်နေတဲ့ အချိန် မှာ ကောင်းတဲ့ အတိုက်အခံ လုပ်မှာလား တုံးတဲ့ အတဲ့ ကိုယ်ကျိုး ကြည့်တဲ့ အတိုက်အခံတွေ လုပ်မှာလား???


(၁) တုံးအတဲ့ အတိုက်အခံတွေက အစိုးရကိုဘယ်တော့မှ မချီးကျူးဘူး။ ကောင်းတာတွေလုပ်ရင် ဆိတ်ဆိတ်နေ တယ် (သို့) ကောင်းတာတွေ လုပ်ပေးနေရင် မကောင်း တာတွေကို ရှာကြံပြောတယ် အပုပ်ချတယ်၊ ဆီလို ရေလို အပေါက်ရှာပြီး အစိုးရ မကောင်းကြောင်း ပြောကြတယ်..၊ မကောင်းတာတွေလုပ်ရင်လည်း ကဲ့ရဲ့တယ်။

ထက်မြက်တဲ့ အတိုက်အခံတွေက အစိုးရရဲ့အားသာချက်လေးတွေကို ရှာကြံချီးကျူးပြီ: ရှေ့ဆက်လုပ်ချင်အောင် အားပေးတယ်။ လုပ်ရပ်တွေကို ကောင်း၏ မကောင်း၏ အပြု သဘောနဲ့ ဝေဖန်တယ်... အပျက်သဘောမျိုးကို မရောက်စေဘူး...

(၂) တုံးအတဲ့ အတိုက်အခံတွေက ကိုယ့်အစိုးရကလွဲရင် ကျန်တဲ့ နိုင်ငံက အစိုးရ တွေကို အားကိုး တတ်ကြ တယ်... ။
ထက်မြက်တဲ့ အတိုက်အခံတွေက ကိုယ့်အစိုးရကို အားကိုးပြီး အစိုးရနဲ့ လက်တွဲကာ ပြည်သူ့အကျိုး တိုင်းပြည် အကျိုးကို ဘယ်လို လုပ်ပေးရမလဲ စဉ်းစား ကြတယ်။

(၃) တုံးအတဲ့ အတိုက်အခံတွေက အစိုးရကို အလုပ်တွေ အများကြီးကို နတ်ရေ ကန်ထဲ ကျသွား သလို ပြီးမြောက်စေချင်တယ်။ (အလုပ်တစ်ခု လုပ်ပြီ ဆိုရင် နတ်ရေ ကန်ထဲ ကျ သွားသလို ဖြစ်နေ အောင် ဆီလို ရေလို အပေါက်ရှာပြီး အပြစ်တင် အပုပ်ချကြတယ်...)

ထက်မြက်တဲ့ အတိုက်အခံတွေက Nobody is Perfect ဆိုတာကို ယုံကြည်လက်ခံတယ်။ ကိုယ်ရဲ့ အစိုးရဟာ အကောင်းဆုံးလို့ လုပ်ပေးနေတယ် လို့ မှတ်ယူ ပြီး လိုအပ်တာတွေကို အပြုသဘောနဲ့ ဝေဖန် ထောက်ပြ ကြတယ်။

(၄) တုံးအတဲ့ အတိုက်အခံတွေက အတိတ်ဟောင်းကို ခဏခဏထုတ်ပြီး သူတို့ ဘယ်လို ခံစားခဲ့၇တယ်.. ဘယ်လို မကျေနပ်ဘူး။ ဘယ်သူတွေက တံဆိပ် ခိုးသွားတာ ဘယ်လိုတွေ လုပ်သွားတာတွေက အစ လူကြီး လူကောင်း ဆန်ဆန် မပြောကြပဲ ရန်လို နေတတ်ကြတယ်...

ထက်မြက်တဲ့ အတိုက်အခံတွေက စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ အားလုံးနဲ့ တည့်အောင် နေပြီး လှပတဲ့အနာဂတ်ဆီ ရောက်ဖို့ ဦးတည်ကြတယ်။

(၅) တုံးအတဲ့ အတိုက်အခံတွေက အစိုးရက အတူတွဲ လုပ်ကြဖို့ လက်ကမ်း ပေးတာကို ထောင်ချောက် လို့ မြင်ကြ တယ်..။

ထက်မြက်တဲ့ အတိုက်အခံတွေက ကမ်းလင့်တဲ့ လက်ကို ဆုပ်ကိုင်ပြီး တိုင်းပြည် အတွက် အတူပူးပေါင်း လုပ်ဆောင် ဖို့ သတိရကြတယ်။

(၆) တုံးအတဲ့ အတိုက်အခံတွေက သူတို့ကိုယ် သူတို့ လက်တွေ့ လုပ်ဆောင် ပေးခြင်း မရှိပဲ ပြည်သူတွေ အတွက် ဒီမိုကရေစီ ရအောင် တိုးတက်အောင် လုပ်ဆောင်နေကြတဲ့ သူရဲ ကောင်းကြီးတွေ ကယ်တင်ရှင်ကြီးတွေ လိုလို အော်ဟစ်ကြတယ်။ ဘာမှ မလုပ်ပဲ သူများ လုပ်ပြီး သားတွေကို နာမည်ကောင်းဝင်ယူပြီး နှမ်းဝင်ဖြူး ချင်ကြတယ်...

ထက်မြက်တဲ့ အတိုက်အခံတွေက တိုင်းပြည်နဲ့ ပြည်သူတွေ အမှန်တကယ် တိုးတက်အောင် အစိုးရနဲ့ လက်တွေ့ ပူးပေါင်းဆောင် ရွက် ကြတယ်.. ။ တိုင်းပြည်နဲ့ လူမျိုး အတွက် လက်တွေ့ အကျိုးရလဒ်တွေ ခံစား ရအောင် ဆောင်ရွက်ပေးကြတယ်...

(၇) တုံးအတဲ့ အတိုက်အခံတွေက မိမိတို့ အပြစ်ကို ဖုံးကွယ်ပြီး အပြစ်ပေးအရေး ယူခံရလျှင် ပြည်သူ့ အတွက်ပေး ဆပ်လိုက်ရ သလိုလို အလကား နေ အလကား သူ့ဖာသာသူ နေနေတဲ့ ပြည်သူတွေ ရဲ့ အထင်ကြီး လေးစား မှုကို ရယူကြတယ်.. ။

ထက်မြက်တဲ့ အတိုက်အခံတွေက မိမိတို့ အမှန် တကယ် ပေးဆပ်ပြီး အမှန်တကယ် တိုင်းပြည်နဲ့ လူမျိုး တိုးတက်အောင် အပြောနဲ့ မဟုတ် လက်တွေ့ လုပ်ဆောင် ပေးကြတယ်..။

(၈) တုံးအတဲ့ အတိုက်အခံတွေက ကိုယ်တော်၊ ကိုယ်တတ်ကြောင်းကို ပိုအရေးစိုက် ကြတယ်.. နည်းနည်းကို များများ ကြော်ငြာကြတယ်...။ ကိုယ့်မာန ကိုယ့်အတ္တကို ထိခိုက်မခံကြဘူး။ ပူးပေါင်း မဆောင်ရွက်လိုကြဘူး..

ထက်မြက်တဲ့ အတိုက်အခံက အစိုးရနဲ့ အတိုက်အခံ နှစ်ဦးအတူကြိုးစားမှ ခရီးရောက်တယ်ဆိုတာ လက်ခံတယ်။

(၉) တုံးအတဲ့ အတိုက်အခံက နိုင်ငံတကာ အလယ်မှာ ကမ္ဘာကနေ ပြီး အစိုးရရဲ့ လုပ်ဆောင်မှုတွေကို အကောင်း မမြင်ကြဖို့ ကိုယ့်အစိုးရကို စိတ်အားငယ်မှုနဲ့ ကိုယ့်ကိုယ်ကို မယုံကြည်မှုတွေပေးတယ်။

ထက်မြက်တဲ့ အတိုက်အခံတွေက နိုင်ငံတကာနဲ့ ကိုယ့် အစိုးရရဲ့ ကောင်းတဲ့ လုပ်ရပ်တွေ လုပ်နေကြောင်း   ကောင်းအောင် လုပ်ဆောင်နေတဲ့ အတွက် ဂုဏ်ယူကြောင်း ပြောပြကြပြီး နိုင်ငံတကာနဲ့ အစိုးရကို ငြိမ်းချမ်းမှုတွေ၊ ယုံကြည်မှုတွေ နဲ့ အေးချမ်းမှုတွေကို ပေးတယ်။

(၁ဝ) တုံးအတဲ့ အတိုက်အခံတွေက ကိုယ်တွေ အချီးကျူးခံရဖို့၊ နိုင်ငံတကာက ပေးတဲ့ ဆုတွေ ရဖို့၊ နိုင်ငံတကာမှာ နာမည် ကောင်းရဖို့ တိုင်းပြည်နဲ့ ပြည်သူတွေ ဘာဖြစ်ဖြစ် အရေး မစိုက်ပဲ... ကိုယ့် အတွက်ပဲ ကာကွယ်ပြီး လုပ်ချင် ရာ လုပ် ပြောချင်ရာ ပြောကြတယ်...။

ထက်မြက်တဲ့ အတိုက်အခံတွေက နိုင်ငံနဲ့ လူမျိုး ကို နိုင်ငံ တကာ အလယ်မှာ နာမည် ကောင်းရဖို့ တင့်တယ်ဖို့ ဦးစား ပေးပြီး ပြောဆိုကြတယ်...။


( သွေးသစ္စာ)

0 မှတ်ချက်:

Post a Comment