Pages

ငါ တနေ့  အိုမင်းသွားတဲ့  အခါ


ငယ်၇ွယ်စဉ်ကလို သပ်သပ်ရပ်ရပ်
မဖြီးလိမ်း နိုင်တော့ တဲ့ 
ငါ့ ဦးခေါင်းက ဆံနွယ်စတွေကို
ကျေးဇူးပြုပြီး လှောင်ရယ်ခြင်းမပြုပါနဲ့ 
တခါက အမိန့် တွေကို
ဒီဦးခေါင်းနဲ့  ဦးလတ်မသုန်ထမ်းဆောင်ခဲ့ ပါတယ်

ငါတနေ့  အိုမင်းသွားတဲ့ အခါ

အရင်လို လေးပင့်တဲ့  အရာဝတ္တုတွေကို
မထမ်းနိုင်တော့ တဲ့  အခါတိုင်း
အပြစ်တင် ဝေဖန်ခြင်း ကင်းနိင်ကြပါစေ
တခါက ကြီးလေးသော တာဝန်တွေကို
ဒီပုခုံးနဲ့  ငါ ထမ်းရွက်ခဲ့ ဖူးပါတယ်.................

ငါ တနေ့ အိုမင်းသွားတဲ့  အခါ

ဖျတ်လတ်သန်မာတဲ့  လက်ချောင်းတွေက
တစ်ဦးကို တစ်ဦး အမှီသဟဲဖြစ်ဖို့  မဆုပ်ကိုင်နိုင်တော့ တဲ့ အခါ
ရီမော လှောင်ပြောင်ခြင်းတွေ မပြုလုပ်ပါနဲ့ 
တခါက တိုင်းပြည်အတွက်
သေနတ်ကို ဆွဲကိုင်
မျိုးချစ်စိတ်တွေနဲ့  အပြိုင် ဒီလက်တစ်စုံနဲ့ ပဲ ရင်ဆိုင်ဖူးပါတယ်..............

ငါတနေ့  အိုမင်းသွားတဲ့  အခါ
ငါ တနေ့  အိုမင်းသွားတဲ့  အခါ
ငါ တနေ့  အိုမင်းသွားတဲ့  အခါ..............

ငါ့ နိုင်ငံတော်
ငါ့ နိုင်ငံသား
ငါ့ တပ်မတော်အတွက်
ငါ့ အသက်ကို လည်းပေးဆပ်ခဲ့ ပါတယ်
လူငယ်ဘ၀ရဲ့  တက္ကသိုလ်တက်ပြီး ကုန်ဆုံးရမဲ့  ပျော်ရွင်ခြင်းကျောင်းသားဘ၀တွေကိုလည်းစတေးခဲ့ ပါတယ်.............
နွေးထွေးတဲ့  မိသားစု အသိုက်အမြုံကိုလည်း ကျောခိုင်းခဲ့ ပါတယ်...........
ချစ်သူမရှာနိုင်ခဲ့ တဲ့  နှလုံးသား တစ်ခုလည်း စတေးခဲ့ ရပါတယ်............


ပုံရိပ် စစ်

0 မှတ်ချက်:

Post a Comment