Pages

ပျော်ချင်ရှာသူ





ရပ်ကွက်ကိုအုပ်ချုပ်ရသောရပ်ကွက်လူကြီး ဦးစိတ်ကောင်းသည် နာမည်နှင့်လိုက်အောင် စိတ်သဘောထား ကောင်းပြီး စိတ်ရှည်သည်းခံ တတ်ခြင်း၊ ရပ်ကွက်သူ ရပ်ကွက်သားများအား ကူညီတတ်ခြင်း၊ မေးမြန်းလာလျှင် စိတ်ရှည်ရှည်ထား ရှင်းလင်း ပြလေ့ ရှိသဖြင့် ရပ်ကွက်သူ ရပ်ကွက်သားများ၏ ချစ်ခင်ြခင်း ကိုခံရသည်။
တနေ့ တွင် အလွန်စူးစမ်းတတ်သော ရပ်ကွက်သားတစ်ယောက် သူ့ ထံ ရောက်ရှိလာသည်။



မောင်ကာဠု ။ ။ ဦးကြီးခင်ဗျ-- ဟို- ဟို-ဂဠုန်စော ဆိုတာကို သိပါသလား။ ။

ဦးစိတ်ကောင်း ။ ။ သိတာပေါ့။ အာဇာနည် ခေါင်းဆောင်တွေ သတ်မှု နဲ့ ကြိုးပေး အသတ်ခံရတာလေ။ သူ့ ကို သေမိန့် ချတော့ ရဲဘော်တွေ ရော ပြည်သူတွေရော ပျော်လိုက်ကြ- ၀မ်းသာလိုက်ကြတာ။ တချို့  ၀မ်းသာ လွန်းလို့ ကကြတယ်တောင်ပြောတယ်။ အဲဒီတုန်းက ငါလည်း မမွေးသေးဘူးကွ။

မောင်ကာဠု။ ။--ရုပ်ရှင်မင်းသား ဒွေကိုရော သိလား။

ဦးစိတ်ကောင်း ။ ။ သိတာပေါ့ ။ သေသွားပြီ။ တကယ်နှမြောမို့ကောင်းပါတယ်ကွာ စိတ်မကောင်းဘူး ။

မောင်ကာဠု။ ။ဒါနဲ့ နိုင်ငံကျော် စာရေးဆရာ လူထုစိန်ဝင်းကိုရော သိလာ ။-

ဦးစိတ်ကောင်း ။ ။ အင်း--သူလဲ မကြာခင်ကဆုံးသွားပါပြီ။ အသေစောလွန်တယ်ကွာ တော်တော် နှမြောတယ်ကွာ ။

မောင်ကာဠု။ ။ ဒါနဲ့မြန်မာနိုင်ငံက နာမည်ကြီးအတိုတ်ခံပါတီက ခေါင်းဆောင်ကိုလည်သိလာ -။

ဦးစိတ်ကောင်း ။ ။ အင်း--သူ လည် ဘာကင်ဆာရောဂါဆိုလာခံစားနေရတယ် ကြားတာပဲ-။

မောင်ကာဠု။ ။ သူ သေတယ် ကြားရင် သိသိချင်း အမြန်ဆုံး ကျွန်တော်ကို ပြောပါ ဆရာကြီးရယ်။ အမြန်ဆုံး အစောဆုံး သိချင်နေပါတယ်။

ဦးစိတ်ကောင်း ။ ။ ဘာအတွက်လဲ -- ။

မောင်ကာဠု။ ။-- ကျွန်တော်--ကျွန်တော်---ဂဠုန်စော သေတုန်းကလို တပျော်ကြီး ကလိုက်ချင်လို့ ပါ။-။

0 မှတ်ချက်:

Post a Comment