Pages

ပုသိမ်သို့ ဒေါ်စု ရောက်ရှိစဉ် ပါတီဝင် အချို့ ဆန္ဒပြ

                           ဒေါ်စုမြို့ထဲက အပြန်ကို စောင့်နေတဲ့ ဒေါက်တာ သန်းထိုက်နဲ့ ပါတီဝင်များ

ပုသိမ်မြို့မှာ နှစ်ပေါင်းများစွာ ထောင်ထဲဝင်လိုက်/လူမုန်းခံလိုက်/ဒုက္ခတွေခံလိုက်နဲ့ NLD ပါတီနဲ့အတူ/ ဒေါ်စုနဲ့ အတူ နှစ်ပေါင်းများ စွာ တိုက်ပွဲဝင်လာခဲ့တဲ့ ပါတီဝင်တွေကို ဒေါ်စုတကယ်ပဲ လက်တွဲဖြုတ်လိုက်ပြီလားဗျာ.. ပါပါကြီး ဒီဓါတ်ပုံကိုကြည့်လို့ ၀မ်းနည်းပြီး မျက်ရည်တွေကျနေတယ်ဆိုတာ ယုံပေးကြပါဗျာ... သင်တို့တွေ လဲ သေသေချာချာခံစားကြည့်ပါ... ယခင်က တရားဝင် ဖွင့်လှစ်ထားတဲ့ စကားဝါလမ်းက မြို့နယ်ရုံးမှာ ပါတီ ညီလာခံကျင်းပရေးကော်မရှင်ကို မကျေနပ်လို့ အစည်းအဝေးပြုလုပ်ခဲ့တဲ့ အတွက် 31 ရက်နေ့မှာ ပါတီဗဟို က ကျော်ဟိုးရောက်လာပြီး မြို့နယ်ရုံးကို ပါတီဗဟိုကနေ ထုတ်လိုက်ပြီ..


                                 ပုသိမ်ဟိုတယ်ကို တံခါးပိတ်ပြီးတော့ လုံခြုံရေး တွေ တင်းကျပ်ထားတယ်
အသိအမှတ်မပြုတော့ဘူး.. ဒါကြောင့် တိုင်းရုံးမှာ တစ်ပေါင်းတည်း တိုင်း/ခရိုင်/မြို့နယ် ရုံးဖွင့်မယ်ဆိုပြီး တစ်ခါတည်းဆိုင်းဘုတ်တင်လိုက် တယ် .  နောက်ပြီး နောက်နေ့မှာ ဒေါ်စုလာမယ်ဆိုတာကို တိုင်းခေါင်းဆောင်ပိုင်း ၂ယောက်လောက်ကို ပဲ အသိပေး ခဲ့တယ်... ဒါကို တစ်ဘက်ကညီလာခံကျင်းပရေးကို မကျေနပ်တဲ့ ဒေါက်တာ သန်းထိုက်ဦး၊ သန်းဝင်း၊ မြင့်စိုး နဲ့ကျော်လွင် နောက်ပြီး တစ်ခြား အမည်မသိတဲ့ သူတွေနဲ့ ပါတီဝင် (၅၀)ကျော်(၆၀)လောက်က ဒေါ်စုလာတဲ့ လမ်းမှာ စောင့်ကြိုပြီး ပုသိမ်ဟိုတယ်ရှေ့မှာ“ အမေစုကို တင်ပြချင် ပါတယ် .. မြို့နယ်ပါတီရုံးကို ကြွရောက် ချီးမြှင့်ပေး ဖို့တောင်းဆိုပါတယ်၊ ဒီမိုကရေစီကို စောင့်ရှောက်သော ဥပဒေကို ပြဌာန်းပေးပါ၊ အမေစု ကျန်းမာပါစေလို့ ” ဆိုင်းဘုတ်တွေကိုင် အော်ဟစ်လို့ရပေမယ့် ဒေါ်စုနောက်ကို လိုက်ပြီး ဟိုတယ်ထဲဝင်မရဘူး..ဒေါ်စုလုံခြုံရေး သမားတွေ က တံခါးပိတ်ပစ်လိုက်ပြီ.. ...
                                                    သူတို့ ဆိုင်းဘုတ်လေးတွေက အဓိပါယ်ရှိပါတယ်
ဒါပေမယ့် ဇွဲကောင်းတဲ့သားတွေက အမေက သူတို့ကို မပစ်ပါဘူးဆိုပြီး ဆက်စောင့်နေကြတယ်.. နေပူထဲမှာပေါ. အဲဒါနဲ့ ဒေါ်စုမြို့ထဲထွက်တယ်ပေါ့ဗျာ.. အ၀င်ဝမှာစောင့်နေတဲ့ သူတွေကိုတော့ ဒေါ်စုကလက်ပဲပြခဲ့တယ်.. အဲဒါလေး ကိုပဲ သူတို့ကိုလက်ပြခဲ့တာကို ကျေနပ်ပြီး ပြုံးပျော်လို့ လက်ခုတ်တွေတီးလို့ (အသံဖိုင် Movie လိုချင် သူများ တောင်းပါ ပေးပါ့မယ်).. အပြန်သူတို့မြို့နယ်ရုံးကို ဒေါ်စုဝင်မယ်ပေါ့. ရုံးကိုပြန်ပြီး သွားပြင်ဆင်ကြ နဲ့ ပျော်နေတာ ဒါပေမယ့် သူတို့ မျှော်မှန်းသလိုမဖြစ်တော့ဘူး.. ဒေါ်စု တိုင်းရုံးမှာ စကားပြောမယ် ပြီးရင် ဘယ်မှ မပြန်တော့ဘူး..ဟိုတယ်ပြန်မယ်ဆိုတာ ကြိုသိလိုက်ရတော့ အားလုံးကိုစုပြီး ဒေါ်စုအပြန်မှာ စကားဝါလမ်းထိပ် ဘက်ပေါ့..
                                              ဒီလိုကြီးတံခါးပိတ်မထားသင့်ပါဘူး
ကိုးသိန်းအားကစားရုံအရှေ့မှာစောင့်နေခဲ့ကြတယ်၊ အဲချိန်မှာ မိုးရွာနေပြီ မိုးကတအားကို ရွာတာ. .ရှေ့တောင်ကောင်းကောင်းမမြင်ရဘူး.. ဒါပေမယ့် ပါတီရုံးမ၀င်ရလဲ အနားကို ကပ်ပြီး စကား တစ်ခွန်းလောက်ပြော ခွင့်ရမယ်ဆိုရင် သေပျော်ပါပြီဆိုတဲ့ ဒေါက်တာ သန်းထိုက်နဲ့၊ ဦးသန်းဝင်း၊ မြင့်စိုးတို့ရဲ့စကားနဲ့ ပါတီဝင် (၅၀)ကျော်လောက်တော့ ရှိမယ် စုပြီး မိုးရွာထဲ ထိုင်စောင့်ကြတာပေါ့.. အဲလာပါပြီဗျာ. သူတို့ချစ်တဲ့အမေစု ကားတန်း. ချက်ချင်းကားတန်းကို ၀ိုင်းလိုက်ပြီး အမေစုကို မေးမယ်ပေါ့.. ဒါပေမယ့် သူတို့ချစ်တဲ့ အမေစုက သူတို့ကို မှန်ပိတ် ထားတယ်ဗျာ...
                           ပုသိမ်ဟိုတယ် ရှေ့မှာ သူတို့ မြို့နယ်ပါတီရုံးကို ၀င်ဖို့ တောင်းဆိုနေကြတာပါ
ဒါပေမယ့် ကားတန်းထွက်ခါနီးမှာစကားတစ်ခွန်းကိုတော့ မှန်ချပြီးပြောခဲ့တယ်.. အမှန်အတိုင်း ဖြစ်စေရပါမယ်တဲ့.. (ဘာကို ဆိုလိုခဲ့တာပါလဲ) အမေစုကိုချစ်တဲ့ ပါတီဝင်တွေ သူတို့မှာလဲ တင်ပြပိုင်ခွင့်မရှိတော့ဘူးလား.. ကို့ပါတီ ဥက္ကဌကို အမှန်/အမှား တစ်စုံတစ်ရာ မတင်ပြရတော့ဘူးလားဗျာ.. မိုးရွာထည်းမှာ စောင့်နေတာကို ဒီလိုပဲ မျက်နှာလွှဲခဲ့တော့တော့မှာလား... ဘယ်လောက်ရင်နာစရာကောင်းလိုက်သလဲဗျာ.. နှစ်ပေါင်းများစွာ NLD ပါတီနဲ့အတူ လက်တွဲလာခဲ့တဲ့ သူကို ဘာလို့ ဒီလိုလုပ်ခဲ့တာလဲ.. အဲဒီ့ကားတန်းကိုတားပြီး ပါတီဝင်ကိုမြင့်စိုးက အမေစု ကျွန်တော်တို့ တင်ပြပိုင်ခွင့်မရှိတော့ဘူးလား.. အမေစုကျွန်တော်တို့ကို မယုံတော့ဘူးလားဆိုတဲ့ အက်ကွဲတဲ့ ငိုကြွေးသံကို ကျွန်တော့်နားထဲ အခုထိ ကြားနေတုန်းဗျာ..

အဲဗျာ စုကြည်မ ဘော်ဒီဂတ် ကောင်က ဘာပြော တယ်မှတ်လဲ ဟေ့ကောင်အခုမှ လာလွမ်းပြမနေနဲ့ မင်းတို့အကြောင်းကို ကိုဝင်းမြင့်(လွှတ်တော်ကိုယ်စားလှယ်) က ပြောပြီးပြီကွ.. ကိုမြင့်စိုးက အေး အဲကောင်ဘာပြောတာလဲ..“ငါက ထောင်အကြိမ်ကြိမ်ကျခံပြီး လုပ်နေ တာဟေ့ကောင်မင်းမှတ်ထား.. ငါနေရာဝင်ယူနေတာ မဟုတ်ဘူး မင်းတို့သာ အလကားကောင်တွေ လို့”   ပြောပြီး တောက်ခေါက်လိုက်တဲ့ အသံဟာ ကျွန်တော့်နားထဲ မိုးချိန်းလိုက်သလိုပဲဗျာ.. တော်တော်ခံစားချက်ပြင်း သွားတာနဲ့တူပါတယ်.. ဒါနဲ့ပဲ ကိုမြင့်စိုးလဲ နောက်ကိုလှည့်ထွက်သွားတယ်.. ကျန်တဲ့သူတွေလဲ ဘာပြောရမှန်း မသိတော့ဘူး.... အားလုံးမျက်နှာတွေပျက်ပြီး စိတ်မကောင်းဖြစ်သွားကြပြီ...
                                                 မိုးရေထဲမှာ သနားစရာလေးတွေပါဗျာ
ကျွန်တော်လဲ တော်တော်လေးစိတ်မကောင်းဖြစ်သွားပြီးတော့ ကင်မရာလေး အသာပိတ်ပြီး အိမ်ကိုပဲပြန်ခဲ့ ပါတယ်.. ကောင်းကြသေးရဲ့လားဗျာ. ခင်ဗျားတို့မယုံဘူးဆိုရင် သွားမေးကြည့်ကြပါ.. ပါပါကြီးအပိုတွေမပြောပါဘူး. ဒီပို့လေးတစ်ခုကို ပါပါကြီး ရင်နဲ့ခံစားပြီး ရေးနေတာဗျာ.. .. ရေးနေရင်းနဲ့လဲ ခံစားရတယ်.. ဒေါ်စုက တကယ်ပဲ ဒီလိုလူတွေကို လက်တွဲဖြုတ်လိုက်ပြီလား.. အခုဆို အဲဒီ့လူတွေအားလုံး မစားနိုင်မသောက်နိုင်နဲ့ ပါပါကြီးနဲ့ 12 နာရီကမှ လမ်းခွဲခဲ့တာပါ.. သူတို့လဲ မျက်ရည်တွေနဲ့ လေ.. ဒါပေမယ့် ချီးကြူးဖို့ကောင်းတာတော့ သူတို့ချစ်တဲ့ အမေစုကိုတော့ သူတို့ မမုန်းပါဘူးတဲ့.. ဒါပေမယ့် အရမ်းခံစားနေရပြီတဲ့ အမေစု ဒီလို လုပ်ရက်လိမ့်မယ်လို့ မထင်ခဲ့မိဘူးတဲ့ဗျာ.. ... ... ..
                                      သူတို့တွေ ချမ်းနေကြပြီလေ အားလုံးကိုယ်စီမှာလဲ မျက်ရည်တွေနဲ့ဗျာ
ပုသိမ်ဟိုတယ် ရှေ့မှာ သူတို့ မြို့နယ်ပါတီရုံးကို ၀င်ဖို့ တောင်းဆိုနေကြတာပါ
တံခါးလေးတော့ ဖွင့်ပြီး စကားလေးပြောခဲ့သင့်ပါတယ် အမေစုရယ် သူတို့တွေရဲ့ ငိုကြွေးနေတဲ့ မျက်ရည်တွေ မိုးတွေနဲ့ ရောကုန်ပြီဗျာ
ပါပါကြီးကတော့NLD ပါတီရဲ့ရှေးရေးကိုတွေးရင်းတွေးရင်း ကြေကွဲရင်းကြေကွဲရင်း မျက်ရည်တွစို့နေမိပါတော့.. ...တယ်.

0 မှတ်ချက်:

Post a Comment