Pages

"ရခိုင်အရေး UN နှင့် NNDP တွေ့ပြီ"


 
NNDP က NLD နဲ့ တခြားဆီပဲ... နိုင်ငံနဲ့ လူမျိုး ကောင်းဖို့ အတွက် ပြောရဲ ဆိုရဲ လုပ်ရဲ ကိုင်ရဲတယ်... အမှန်တကယ်က NLD က ဒါမျိုးတွေ ထွက်နေရမှာ.. အစိုးရကို ကန့်လန့်တိုက်ဖို့ အပုပ်ချဖို့ ကလန်ကဆန် လုပ်ဖို့ တွေ ကြတော့ တက်ကြွလိုက်ကြတာ အစိုးရ မကောင်းကြောင်း တွေ အသေထွက်ပြီး ဟိုဟာ မကောင်းဘူး ဒီဟာ မကောင်းဘူး ဟိုလို လုပ်ပါလား ဒီလို လုပ်ပါလား... ဟိုလူ့အရေး ယူပါ ဒီလူ့ကို အဖတ် စားပေးပါနဲ့... ဒီလို နိုင်ငံတကာ အရေး ကြတော့... ပါးစပ်ထဲ ဘာတွေ ဆို့ထားမှန်း မသိဘူး.. ငြိမ်နေတာပဲ... ဒါလား တိုင်းပြည်နဲ့ လူမျိုး အတွက် လုပ်နေတာလားလို့ ပဲ မေးလိုက်ချင်တယ်... ( အော်.. ငါလဲ အဆဲခံရဦးတော့မှာပဲ... :( ... )


ဒီနေ့ ကုလသမ္မဂ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေး ဂန်ဘီးယား ၏နိုင်ငံရေး အထူးအကြံပေး
ပုဂ္ဂိုလ် Mrss Harrier သည်မြန်မာပြည်သို့ရောက်ရှိနေရာ မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ ၂၄ ခုမှခေါင်းဆောင်များ
နှင့် ယနေ့နံက် ၁၀း၀၀ အချိန်တွင် myamar egress ရုံးခန်းတွင် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့သည်
ယင်း သို့တွေ့ဆုံမှုတွင် နိုင်ငံရေးပါတီအသီးသီးမှ ရခိုင်အရေးကို ဦးစားပေးဆွေးနွေးခဲ့ကြသည် NNDP ပါတီ
မှ ဒုဥက္ကဌ ဦးဝင်းရွှေ ဗဟိုပြန်ကြားရေးတာဝန်ခံ ဦးသန်းထွန်း နှင့် ဗဟိုဦးစီးအဖွဲ့ဝင် ဦးနေအောင်တို့ 
 
တက်ရောက်ကြပြီး ဦးသန်းထွန်းမှ ဆွေးနွေးရာတွင် မိမိတို့ တိုင်းပြည်အတွင်းတွင် မကြာသေမီ လပိုင်းအတွင်း မှာဖြစ်ပေါ်ခဲ့သည့် ရခိုင်အရေးကိစ္စသည် မိမိတို့တိုင်းပြည်၏ပြည်နယ်အရေးတစ်ခုနှင့် မိမိတို့တိုင်းပြည်အတွင်း  ခိုးဝင်လာသည့်သူများအရေးသာဖြစ်ခဲ့ပေမဲ့ နိုင်ငံတကာမီဒီယာများ နှင့် အင်တာနက်သတင်းအမျိုးမျိုးတို့တွင် ရခိုင်တိုင်းရင်းသားများနှင့် မူဆလင်ဘာသာဝင်တို့အကြား လူမျိုရေး ဘာသာရေး ပြသနာအသွင်ဖန်တီး ပြီး ၂၀၀၄ ခုနှစ်က ထိုင်းနိုင်ငံတွင် မူဆလင်များဆန္ဒပြ ခဲ့သည့်ဓါတ်ပုံများ၊

၂၀၁၀ တရုပ်နိုင်ငံ ငလျှင်ကြောင့် သေဆုံးသွားသူများအား ကူညီပေးနေသည့် တိဗက် ဘုန်းကြီးများ၏ ဓါတ်ပုံ
များအောက်တွင် ရခိုင်အမျိုးသားများမှ ရိုဟင်ဂျာ မူဆင်လူမျိုးများအားသတ်ဖြတ်နေပါသည်ဆိုသည့် ဝါဒဖြန့်မှု
များ လှုံ့ဆောင်မှုများ ပြုလုပ်နေချိန်တွင် လူအခွင့်အရေး အထုးကိုယ်စားလှယ် မစ္စတာ သောမတ်ကွင်တန်းနား
မြန်မာပြည်ရောက်လာပြီး ရခိုင်ဒေသကို သွားရောက်ကာ စစ်ဆေးမည်ဆို့သည့်သတင်းကြောင့်လွန်စွာ အားတက် မိပါတယ် ကျေးဇူးလဲ အထူးတင်မိပါတယ် အားလဲကိုးမိပါတယ်၊ 
 
သို့ပေမဲ့ မစ္စတာကွင်တန်းနား စစ်ဆေးပြီး အပြန်မှာ သူ့ရဲ့မှတ်ချက်နဲ့ ရှင်းလင်းချက်တွေမှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအား ပြန်လည်ပြင်ဆင်ရန်လိုအပ်သည်ဟု မှတ်ချက်ပေးစကားသည် မိမိတို့ အနေဖြင့်လက်မခံနိုင်ပါ နိုင်ငံတစ်ခုရဲ့ တည်ဆဲဥပဒေတွေကို ကုလမှ ဝင်ရောက်စွပ်ဖက်ခွင့်ရှိပါသလား လို့မေးခြင်ပါတယ် ဒီလိုမှတ်ချက်ပြုခြင်းသည်မိမိတို့နိုင်ငံ၏အချုပ်အခြာ အာဏာကိုထိပါးရုံတင်မကဘဲ ၄င်း၏မှတ်ချက်ပြုပြောစကားများကြောင့်နောင်တွင် ရခိုင်ဒေသတွင် ထပ်မံ ဖြစ်ပေါ်လာမည် မကောင်းတဲ့ အကျိုးဆက်များပေါ်ပေါက်လာပါက မစ္စတာကွင်တန်းနားနဲ့ UN မှာ တာဝန်ရှိနေပါတယ်။
တောင်းဆိုချက်။

၁။ UN အနေဖြင့် မြန်မာပြည် ပြုပြင်ပြောင်းလဲရေးအတွက် ကူညီသည့်အနေဖြင့် လွန်ုစွာနိမ့်ကျလျှက်ရှိနေသည့်
ပညာရေးကဏ္ဍ၊ကျမ်းမာရေးကဏ္ဍ တို့တွင် ထိထိရောက်ကူညီမှုပေးပါရန် မေတ္တာရပ်ခံချက်
၂။ UN အနေဖြင့် တိုင်းပြည်တစ်ခု၏ပြည်တွင်းရေးကို ကိုင်တွယ်မည်ဆိုပါက သက်ဆိုင်ရာနိုင်ငံအကြောင်းကိုထဲထဲဝင်ဝင် ကြိုတင်လေ့လာပြီး မှ သမာသမတ်ကျတဲ့ ဆွေးနွေးမှု တင်ပြမှု ဆုံးဖြတ်မှုများ ရရှိမှာဖြစ်ပြီး ယခု မစ္စတာကွင်တန်းနား၏ ရခိုင်အရေးကိုင်တွယ်ပုံသည် လက်ရှိမြန်မာပြည်အတွင်းဖြစ်
ပေါ်ခဲ့သည့် အခြေအနေ အရပ်ရပ်နှင့် လိုက်လျှောညီထွေမှုမရှိသည့်အပြင် မလိုလားအပ်သည့် ဆိုးကျိုးများ ဆက်လက်ဖြစ်ပေါ်လာမည်ကို စိုးရိမ်ပူပန်မိပါသည် သို့အတွက်ကြောင့် မစ္စတာကွင်တန်းနား၏နေရာတွင် မြန်မာပြည်အရေးအတွေ့အကြုံကြွယ်ဝသည့် အခြားသုတစ်ဦးအား အစားထိုးပေးပါရန် မေတ္တာ ရပ်ခံရင်း
တောင်းဆိုတင်ပြခဲ့ပါသည်။
NNDP

0 မှတ်ချက်:

Post a Comment