တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် (NLD) တွင် ခရိုင် / မြို့နယ် ညီလာခံ ကျင်းပရေးကော်မတီ ဖွဲ့စည်းရာ၌ ဒီမိုကရေစီနည်းလမ်းမကျဟု ဆိုကာ ပါတီဝင် ၂၀၀ ကျော်က ပါတီ ရုံးရှေ့ ၌ သြဂုတ်လ ၂၀ ရက်နေ့တွင် ဆန္ဒထုတ်ဖော်မည်ဟု ကော့သောင်းမြို့နယ် NLD မှ ဦးမျိုးလွင်က ပြောကြားသည်။
... NLD ဗဟို၏ ညွန်ကြားမှုဖြင့် တိုင်း ညီလာခံကျင်းပရေး ကော်မရှင်မှ ခရိုင် /မြို့နယ် ညီလာခံ ကော်မရှင်အား ဖွဲ့စည်းရာတွင် အများပြည်သူကို ချမပြခြင်း၊ ပါတီဝင်များ သဘောဆန္ဒပါဘဲ လူတစ်စုက လုပ်ဆောင်ကာ ဖွဲ့စည်း ခဲ့ခြင်းတို့ကြောင့် ဆန္ဒ ထုတ်ဖော်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဦးမျိုးလွင်က ပြောကြားသည်။ “၂၀ ရက်နေ့ မှာ ဆန္ဒ ထုတ်ဖော်ပွဲလုပ်မယ်” ဟု ၎င်း က ဆိုသည်။ ဆန္ဒ ထုတ်ဖော်ရန် စာကို သြဂုတ်လ ၁၃ ရက်နေ့တွင် မြို့နယ်ကော်မရှင်နှင့် မြို့နယ် ရဲတပ်ဖွဲ့သို့ အကြောင်းကြားပြီးဖြစ်သည်။
“ ပါတီကို ဆန့်ကျင်တာမဟုတ်ဘူး။ ပါတီထဲမှာရှိတဲ့ အထက်ပိုင်းလူတစ်စုကို ဆန့်ကျင်တာပါ ” ဟု ဦးမျိုးလွင်က ဆိုသည်။ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် NLD ညီလာခံ ကျင်းပရေးကော်မရှင် ဖွဲ့စည်းရာတွင် ဒီမိုကရေစီနည်းလမ်းမကျဟုဆို
ကော့သောင်းခရိုင်/
“ဗဟိုကလည်း အများရဲ့ ဆန္ဒယူပြီးတော့ လုပ်ရမယ့် အနေအထားမဟုတ်ဘူး ထင်လို့ ကျွန်တော်တို့ကို ညွှန်ကြား တယ်လို့ ယူဆပါတယ်”ဟု ၄င်းကဆိုသည်။ယင်းမှာ အောက်ခြေပါတီဝင်များ သဘောထားကိုဒီမိုကရေစီနည်း ကျစွာ တောင်းယူခြင်း ဆန္ဒရယူခြင်းတို့မရှိပဲ ဗကပ ကွန်မြူနစ်ဆန်ဆန် အထက်မှချပေးလိုက်သော နိုင်ငံရေးအရာရှိ တစ်ယောက်တစ်ဖွယ် မိမိတို့ ဒေသများသို့ရောက်ရှိလာပြီးမိမိတို့မျက်နှာ ဗိုလ်ချုပ်အောင်ဆန်းပုံ များ
မြိတ်ခရိုင်/ မြို့နယ် ကော်မရှင် ဖွဲ့စည်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို သြဂုတ်လ ၅ ရက်နေ့၊ ထားဝယ်တွင် ခရိုင်ကော်မရှင်ဖွဲ့စည်းခြင်းကို
ဇူလိုင် ၃ ရက်နေ့တွင်အသီးသီးပြုလုပ် ခဲ့ပြီး မြို့နယ် ကော်မရှင်ကို
ဇူလိုင် ၁၇ ရက်တွင် ဖွဲ့စည်းခဲ့သည်။ ကော့သောင်ခရိုင်/မြို့နယ် ကော်မရှင်
ဖွဲ့စည်းတာဝန် ပေးအပ်ပွဲ အခမ်းအနား ကို ကော့သောင်းမြို့၊ ငွေလရိပ်ခန်းမတွင်
သြဂုတ်လ ၁၅ ရက်တွင် ပြုလုပ်ရန်စီစဉ်လျက်ရှိသည်။
0 မှတ်ချက်:
Post a Comment