Pages

ဥပေဒ အကြောင်း အမြဲပြောတဲ့ မီဒီယာ သမားများ ဥပဒေ မလိုက်နာတော့ ဘယ်သူတွေက ဝေဖန်ရေးသားကြမှာလဲ




မီဒီယာဥပဒေ ၂၀၀၈ အခြေခံဥပဒေ ဘာဥပဒေ ညာဥပဒေ ဆိုပြီး ဝန်ထမ်းများကိုသော်လည်းကောင်းအစိုးရအဖွဲ့ ကိုသော်လည်းကောင်း ဥပဒေ မလိုက်နာသူ နဲ့ချစားသူများကို တွင်တွင်ကျယ်ကျယ် ဖော်ထုတ်နေတဲ့ မီဒီယာ သမားတွေဟာ ဥပဒေကို မျက်ဝါးထင်ထင် ဆန့်ကျင်မှုတွေကို အယ်ဒီတာတွေက ဦးဆောင်ပြီး လုပ်ခဲ့ကြပါတယ်
စီတန်းလှည့်လည်ခြင်း အဆိုအကြောင်းကို ဂျာနယ်မျက်နှာဖုံးမှာ ရေးတင်ခဲ့ကြတာ လည်း မီဒီယာ သမားတွေ ဖြစ် သလို စီတန်းလှည့်လည်ခွင့် ဥပဒေ အတည်ပြုတဲ့ အကြောင်းကိုလည်း စာလုံးကြီးတွေနဲ့ ရေးခဲ့ကြတာ မီးဒီယာသမားတွေ ဖြစ်ပါတယ် ဒါပေမယ့် မီဒီယာသမားတွေဟာ သူတို့ ရေးခဲ့တဲ့စာ၊ သူတို့မေးခဲ့တဲ့ အင်တာဗျုးတွေကိုကိုယ်ကိုယ် တိုင်အောင်   ပြန်ဖတ် ပုံ မရပါဘူး၊ လူစိတ်ဝင်စားအောင် မျက်နှာဖုံးမှာ တင်ပြီး စောင်ရေတက်အောင် ပိုက်ဆံပိုရအောင် ဆိုတဲ့ အတွေးပဲ ရှိခဲ့ကြပါတယ် ။
၎င်းတို့ဂျာနယ်တွေမှာပဲ ရေးခဲ့တဲ့စီတန်းလှည့်လည်ခြင်း ဥပဒေ အကြောင်းထဲမှာ စီတန်းလှည့်လည်ဖို့ အတွက်ငါးရက်ကြိုပြီးခွင့်ပြုချက်တောင်းရမယ့် အကြောင်း အပါအဝင် အခြားစည်းကမ်းတွေပါ ရေးသားထားပါတယ် ဥပဒေ မလိုက်နာသူ များကို ဖော်ထုတ်နေတဲ့ မီဒီယာသမားတွေကပဲ စီတန်းလှည်လယ်ခွင့်ကို ချိုးဖောက်ကာ ကြိုတင် ခွင့်ပြုချက် မတောင်းပဲ လုပ်ချင် သလို လုပ်ခဲ့ကြပါတယ်

0 မှတ်ချက်:

Post a Comment