Pages

ခေတ်သစ်စစ်ပွဲ နှင့် ဆိုက်ဘာစစ်ဆင်ရေး


လက်ရှိအချိန်တွင်အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့အင်အား အကြီးဆုံး နိုင်ငံအဖြစ် ရပ်တည်လျှက်ရှိပါသည်။ သို့ဖြစ်၍ အမေရိကန်ပြည်ထောင်စု သည်  ကမ္ဘာ့ နိုင်ငံများအား လွမ်းမိုးချုပ်ကိုင်နိုင်ရန်အတွက် နည်းလမ်းအမျိုးမျိုး    ဖြင့် ပြုမူ လုပ်ဆောင်လျှက်ရှိကြောင်းအားလေ့လာတွေ့ရှိရမည် ဖြစ်သည်။ စစ်ရေး အရ အီရတ် နိုင်ငံ၊ အာဖဂန် နစ္စတန်နိုင်ငံ တို့အားလက်ရှိအချိန်တွင် ၀င်ရောက်စွက်ဖက်ခဲ့ ပြီး မပြီးဆုံးသေးသော စစ်ပွဲအား ဆက်လက်ဆင်နွဲ လျှက် ရှိ သည်။ လစ်ဗျားနိုင်ငံ တိုက်ခိုက်မှု အား နေတိုးတပ်ဖွဲ့၏နောက်ကွယ်မှကြိုးကိုင် ခဲ့ကြောင်းလေ့လာတွေ့ရှိ ရမည်ဖြစ်ပြီး ယခုလက်ရှိ ဆီရီးယား နိုင်ငံ၏ (၁၇)လကြာ ပြည်တွင်းစစ် နှင့် အီရန် နိုင်ငံ၏ နျူကလီးယား အစီအ စဉ် အားလဲ ၀င်ရောက်စွက်ဖက်ရန် ကြိုးပမ်းလျှက်ရှိသည်။


အမေရိကန်အနေဖြင့် လက်ရှိ အဓိကဆင်နွဲနေသောစစ်ပွဲ မှာ အကြမ်းဖက်နှိမ်နင်းရေးစစ်ပွဲဖြစ်ပြီး အယ်လ်ကေဒါ အဖွဲ့ ၊ ဟစ်ဇ်ဘိုလာအဖွဲ့၊ ဟားမာ့စ်အဖွဲ့ စသည့် စစ်သွေးကြွ အဖွဲ့များအားတိုက်ခိုက် လျှက်ရှိသည်။ တဘက် တွင်  လည်း အစ္စရေးနိုင်ငံအား စစ်ရေးအထောက်အပံ့ဒေါ်လာသန်း (၇၀) အား ၂၇.၇.၂၀၁၂ ရက်နေ့ က ပေး အပ်ခဲ့ပြီးအရှေ့အလယ်ပိုင်းဒေသ၏အင်အားချိန်ခွင်လျှာရပ်တည်မှုအားထောက်ကန်ပေးနေကြောင်းတွေ့ရမည်ဖြစ်
သည်။ တကမ္ဘာလုံးအားလဲ ထောက်လှမ်းရေးဂြိဟ်တုများ၊ မောင်းသူမဲ့ထောက်လှမ်းရေးလေယာဉ် ဒရုမ်း များဖြင့် စောင့်ကြည့်ထောက်လှမ်းလျှက်ရှိကြောင်းတွေ့ရှိရမည်ဖြစ်သည်။

ထို့ အပြင် အမေရိကန်တို့ ဆက်လက်ဆင်နွဲရဦးမယ့် စစ်ပွဲ သစ်မှာ ဆိုက်ဘာစစ်ပွဲဖြစ်သည်။ လက်နက် လူသူ တို့ မပါဘဲ တရုတ်၊ရုရှား၊မြောက်ကိုရီးယား၊ အီရန်တို့နှင့် မလွှဲမသွေတိုက်ခိုက်ရမည့်စစ်ပွဲမှာ ဆိုက်ဘာ စစ်ပွဲဖြစ်ကြောင်း   ထောက်လှမ်းရေးလုပ်သက် (၁၅) နှစ်ရှိ အမျိုးသမီး ပညာရှင် ပေါ်လာဘရော့ဝဲလ် ကပြောကြား ခဲ့ သည်။ယခု လက်ရှိအချိန်တွင်လဲ ရုရှား ၊ တရုတ် ၊ အီရန် ၊ မြောက်ကိုရီးယား တို့နှင့် အမေရိကန် ၊ အစ္စရေး ၊ တောင်ကိုရီးယား တို့ ကြေငြာခြင်း မရှိသော ဆိုက်ဘာစစ်ပွဲ တစ်ရပ်  တိုက်ခိုက်လျှက် ရှိကြောင်း အီရန် နျူကလီးယား စက်ရုံများအား( သြစတေးလျ Rock တီးဝိုင်း  AC/DC အဖွဲ့ ၏ Thunder Struck တီးလုံးဖြင့်) တိုက်ခိုက်ခြင်းဖြင့် အလိုအလျှောက် လည်ပတ်မှု စနစ်များအား ရပ်တန့်စေရန် တိုက်ခိုက်ခံရမှု အားကြည့် ရှုခြင်းဖြင့် သိရှိနိုင်ပေသည်။

အနာဂတ်ကာလတွင် နည်းပညာပိုင်းဆိုင်ရာများပိုမို ခေတ်မှီ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဆိုက်ဘာ စစ်ပွဲ သည် ပိုမို အရေးပါလာမည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။အကြမ်းဖက်ဘာသာရေး အစွမ်းရောက်အဖွဲ့ အစည်းများ၊ နျူကလီးယား ပြဿနာများ၊ ပင်လယ်ပြင်ပိုင်ဆိုင်မှုပြဿနာများနှင့် ဗိုလ်ကျစိုးမိုးရေးမူဝါဒများ အကြားတွင် ဆက်လက်   အရေးပါနေဦးမည်ဖြစ်သော ခေတ်သစ်စစ်ပွဲ များနှင့် ဆိုက်ဘာစစ်ပွဲ များအား စောင့်ကြည့်လေ့လာ သွားကြရမည်ဖြစ်ပါကြောင်းရေးသားဖေါ်ပြအပ်ပါသည်။

လင်းလက်လူ

0 မှတ်ချက်:

Post a Comment