Pages

ကမ္ဘာကြီးတခုလုံး အငြိမ်းချမ်းစေချင်ဆုံး(ဆုံး)က စစ်သားတွေပါ

 
 
ပုံကို ကြည့်လိုက်ရင်တော့ ခြေထောက်ဖြတ်ထားရတယ် လို့ပဲမြင်တာပေါ့နော် .... ဒါပေမယ့် ဒါးရှ ရင်တောင် ဘယ်လောက် နာသလဲ ....ကျည်ဆန်မှန်တယ်ပေါ့ဗျာ ...သရေကွင်းနဲ့ ပစ်တာ မှန်ရင်တောင် နာသေးတာပဲ .... နားလည်ပေးနိုင်ရင် သူတို့လဲ ဘယ်လောက်နာကြဉ် ခံစားရမလဲ တွေးကြည့်လို့ရပါတယ် ... 
 
ဘယ်သူကရော ဒီလို ဒုက္ခိတ ဘ၀ရောက်မယ်လို့ ထင်ကြမှာလဲ တွေးကြမှာလဲ ... ဒါပေမယ့် တိုင်းပြည်အတွက် နိုင်ငံနဲ့ ပြည်သူပြည်သားတွေ အတွက် အသက်တောင် ပေးထားတာပဲ ဒီခြေထောက်ပြတ် တာ လက်ပြတ် တာလောက်ကတော့ အသေးအဖွဲပါ ....ဒါဆိုလာပြောမနေနဲ့ပေါ့လို့တော့ မတွေးလိုက်ပါနဲ့ ဗျာ.... .တွေး လိုက်တာကို သိပါတယ်(အချို့ကိုပြောတာနော်) .... ကျွန်တော်ဒီလိုပြောလို့လဲ လေးစားပေးဖို့မလို ပါဘူး ကျေးဇူးတင်စရာလဲ မလိုပါဘူး ...လေးစားပါ ကျေးဇူးတင်ပါလို့ ပြောလဲမပြောဘူး အသနားလဲမခံဘူး ....... 
ဒါပေမယ့် မိမိ မလုပ်နိုင်တာ မိမိ မပေးဆပ်နိုင်တာကို လုပ်နေ ပေးဆပ်နေကြတဲ့ သူတွေကို အမျိုးမျိုး ခိုင်းနိုင်း၊ ရှုံ့ချ၊ အပုပ်ချ နေကြတာတော့ မကောင်းဘူးပေါ့ဗျာ .... ကျွန်တော်တို့က ဘယ်သူအာဏာတည်မြဲရေး အတွက် ဘယ်ဝါကောင်းစားရေးအတွက် ဆိုပြီးလုပ်နေတာ တခုမှမရှိဘူး ..... 
 
နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးပဲရှိပါတယ် ... ညီအကို မောင်နှမ အားလုံးသိထားဖို့က ပျော်ချင်လို့ တပ်ထဲဝင် တဲ့သူ တယောက်မှမရှိပါဘူး ..... နိုင်ငံချစ်စိတ် မျိုးချစ်စိတ်နဲ့ ၀င်ကြတာချည်းပါပဲ ... ငါဗိုလ်ချုပ် ဖြစ်ရင် ဘာလုပ် မယ်ဟဲ့ညာလုပ်မယ်ဟဲ့ ဆိုတာမျိုးလဲ မရှိပါဘူး .... ကြားထဲမှာ ပြတ်သွားနိုင်တယ်၊ သေသွားနိုင်တယ်၊ ကန်းသွားနိုင်တယ်လေ ...... 
 
စစ်တိုက်နေရတာ၊ ရှေ့တန်းထွက်နေရတာကို ပျော်နေတဲ့ စစ်သားလဲ မရှိပါဘူး .... အလိုလားဆုံးက နိုင်ငံတည်ငြိမ် အေးချမ်းဖို့ပါ ..... မည်သည့်နိုင်ငံက စစ်သားကိုမဆို မင်းတို့ စစ်တိုက်နေရတာပျော် လားလို့ မေးကြည့်ပါ .... ကမ္ဘာပေါ်မှာ စစ်ကို အမုန်းဆုံး(ဆုံး)၊အရွံ့ရှာဆုံး(ဆုံး)နဲ့ ကမ္ဘာကြီးတခုလုံး အငြိမ်းချမ်းစေချင်ဆုံး(ဆုံး)က စစ်သားတွေပါပဲ လို့ကျွန်တော်ပြောရင် မှားမလား .............

လင်းလက်လူ
Photo By: ပုံရိပ်စစ်


0 မှတ်ချက်:

Post a Comment