Pages

အသားထဲကလောက်ကောင် ဘလော့ဂါ ဒီမိုဝေယံ၏ ပုံ

အခမ်းအနားတစ်ခုမှာတွေ့ ရတဲ့ ကိုသော် အနုပညာ ၊ နာမည်ကြီး ဘလော့ဂါ ဒီမိုဝေယံ (အလယ်) နှင့် ကိုထွန်းဝေ (ကင်မရာကိုင်ထားသည့်သူ)


အတိုတ်ခံ အသားထဲကလောက်ကောင်များကို ဆက်လက်ဖော်ထုတ်သွားမည်.........

3 မှတ်ချက်:

  1. ရိုင်းလှချေလားကွ ဘာအကြောင်းနဲ့  ဒီလိုဖြန့်  တာလဲ ဘာလုပ်ချင်လို့ လဲ ကွ ဘာဖြစ်ချင်လို့ လဲ ? လူလိုနားလည်ရင်လူလို ရေး၇တယ် ။ ကြိုက်တဲ့နေရာစိန် လိုက် ။

    ReplyDelete
  2. ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသားနဲ့ယူတယ် ဆိုတာလည်း သူကြီးပြင်းခဲ့ရတာ နိုင်ငံခြားမှာလေ။ ရှင်တို့လည်း သူ့လိုနေခဲ့ရရင် မယူဘူးလို့အာမခံနိုင်လို့လား။ သူနိုင်ငံခြားသားနဲ့ယူတော့ရော ဘာဖြစ်လဲ။ သူနိုင်ငံခြားသားနဲ့ ယူလည်း သူ့မှာကိုယ်ကျင့်သိက်ခာရှိတယ်။ သူမဖောက်ပြန်ဘူး။ မိန်းမတစ်ယောက်အနေနဲ့ သူချစ်တဲ့ယောက်ကျား၊သား နဲ့အဝေးမှာနေပြီး နိုင်ငံချစ်ကြောင်းပြ ခဲ့တာပဲ။ နောက်ပြီး မြန်မာတွေနိုင်ငံခြားသားနဲ့ ယူတယ်ဆိုတာထက် အခကြေးငွေနဲ့ မယားငယ်လုပ်နေတာ အများကြီးပါ။ ကိုယ်ကဖြင့်သူ့လောက်မလုပ်နိုင်ဘဲ သူများကိုအပြစ်မပြောပါနဲ့။ သူများကိုမပြောခင် ကိုယ့်အသိုင်းအ၀ိုင်း၊ ကိုယ့်သားသမီးကို အရင်ပြန်ကြည့်ပါဦး။ သူတို့ကို ကိုယ်ဘယ်လိုသွန်သင်ခဲ့လဲ။ သူတို့ရောဘာတွေဖြစ်နေလဲ။ မိန်းကလေးတစ်ယောက်အနေနဲ့ သူ့ဘ၀လုံခြုံမှု ဆိုတာအင်မတန်အရေးကြီးပါတယ်။ သူလည်း သူ့ဘ၀ကိုလုံခြုံစေယ့် ယောက်ကျားကောင်း တစ်ယောက်လို့သတ်မှတ်ပြီးယူခဲ့တာနေမှာပါ။ ဘာပဲပြောပြော အနည်းဆုံးတော့ နားလည်ပေးနိုင်တဲ့၊ တာဝန်ကျေတဲ့ယောက်ကျားကောင်းတစ်ယောက်တော့ဖြစ်ခဲ့မှာပါ။ ကျွန်မတို့ကပြည်သူတွေဆိုတော့ သူတို့အတွင်းရေး အကုန်ဘယ်သိနိုင်ပါ့မလဲ။ သူနိုင်ငံခြားသားယူတာနဲ့ပဲ ကျန်တဲ့သူတွေလိုက်ယူကုန်ရောလား။ အဲ့လိုတော့ မဟုတ်ပါဘူးရှင်။ နောက်ပြီးလုံခြုံရေး သမားကအခွင့်အရေးယူတယ်ဆိုတာကလည်း မတော်တဆ လည်းဖြစ်နိုင်ပါတယ်။ တမင်လုပ်တာဆိုရင်တော့ တော်တော်အောက်တန်းကျတယ်လို့ပြောလို့ရပါတယ်။ အဲ့ဒါဆိုရင်တော့ အဲ့ဒီလိုယေက်ကျားတွေရောရှိနေတာ ပိုသိက်ခါကျတယ်ထင်ပါတယ်။ နောက်တစ်ခုက သမတကြီး ဦးသိန်းစိန် ကိုပြောတာလည်းမကောင်းပါဘူး။ သူလည်းအတတ်နိုင်ဆုံး အကောင်းဆုံးလုပ်နေတာပါပဲ။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် နဲ့ လည်းအတူတွဲပြီး ကြိုးစားနေကြတာပါ။ နောက်စစ်တပ်ကိုလည်း အလွန်ပြောကြတယ်။ အဲဒါလည်းမကောင်းပါဘူး။ စစ်တပ်ထဲမှာလည်း လူကောင်းတွေအများကြီးရှိပါတယ်။ သူတို့ထဲကလူတိုင်းမကောင်းတာမဟုတ်ပါဘူး။ အခုဆိုရင် နယ်စပ်တွေမှာ စစ်တိုက်ရင်းသေနေရတဲ့စစ်သားတွေ အများကြီးပါ။ သူတို့အသေမခံရင် ရှင်တို့အသေခံမှာလည်း။ ဘယ်သူတွေကပဲလုပ်သည်ဖြစ်စေ အဲ့လိုလုပ်နေတဲ့လူတွေကို ကျွန်မတို့ မရှာနိုင်၊ သက်သေ မပြနိုင်ဘူးလေ။ အဲ့တော့ အပြစ်ရှိသူတွေကိုပဲ အပြစ်တင်ပြီး၊ သူများကိုမပုတ်ခတ်ပဲ၊ နိုင်ငံတိုးတက်ဖို့အားနည်းချက်ရှိတာလေးတွေကိုပဲ ထောက်ပြသွားရင်း ကိုယ်ကိုတိုင်ကလည်း တစ်ဖက်တစ်လမ်းကနေ ကူညီသွားသင့်ပါတယ်။ အဖျက်သဘောမျိုးမလုပ်ကြပါနဲ့ရှင်။ ကျွန်မ ဒီလိုရေးတဲ့နေရာမှာ လူမှားစော်ကားမိရင်တောင်းပန်ပါတယ်။ အမှားပါခဲ့ရင်လည်းထောက်ပြနိုင်ပါတယ်။ ကျွန်မအသက်အရွယ်အရ ကျွန်မအမြင်ကိုပြောပြတာပါ။

    ReplyDelete