Pages

သင့်ကြောင့် ပြည်ထောင်စုကြီး မပြိုကွဲပါစေနဲ့





၁ချိန်က ခြံကြီး ၁ ခြံမှာ မိသားစု ၈ စု နေထိုင်ကျလေတယ် ။ ဒီမိသားစု ၈ စုမှာ မောင်နှမ၁၃၈ ယောက်ရှိလေသတဲ့ ။ ဒီမောင်နှမတွေက ဒီခြံကြီး အတွက် စည်းလုံးကြပေမဲ့ အချို့ချို့ တွေကတော့ ဒီခြံကြီးကို ဦးဆောင်လိုချင်ကျတယ် ။
တခါတလေဆို မောင်နှမ အချင်းချင်းတောင် ရန်တိုက်ပေးသတဲ့ ။ ခြံကြီးထဲမှာ နေတဲ့ မိသားစု အချင်းချင်း မောင်နှမ အချင်းချင်း သွေးကွဲအောင် ရန်တိုက်ပေးပီး ၊ ဒီခြံကြီးကို အမွေခွဲလို သတဲ့လေ ... ။ ဒါကို မိခင်ကြီးက သိတော့ င့ါသားသမီးတွေ စည်းလုံးအောင် .ဒီခြံကြီးကို မပြိုကွဲ ၊ မပျက်စီးအောင် ငါလုပ်မှ ရတော့မယ် ... ဆိုတဲ့ အတွေး ၀င်လာပီး သားသမီးတွေကို အုပ်ထိန်းတာပေါ့ ။

 ဒါပေမဲ့ မိခင်ကြီးကတော့ ငါ့ သားသမီးတွေကို လွတ်လပ်မူ့ ကို မချုပ်ချယ်ဘူး ၊ စည်းကမ်းတွေ မတင်းကျက်ဘူး ၊ ငါ့ သားသမီးတွေ လွတ်လွတ်လပ်လပ်နေပါစေဆိုပီး အမှားတွေကို ပြင်ပေး ၊ လမ်းလွဲတွေ မရောက်အောင်သာ သဘောတရားနဲ့ အုပ်ထိန်းပဲ့ကိုင်ပေးတာပေါ့ ။ ဒီလိုနဲ့ မိခင်က လွတ်လပ်မူ့ နဲ့ ထိန်းသိမ်းလေတော့ မိခင်   စေတနာတွေ ၊ အဓိက လိုရင်းကို နားမလည်ခဲ့ကြဘူးပေါ့ ........ ။


၁ နေ့ မှာတော့ ကံကြမ္မာ ဆိုးကြီး ၀င်ရောက်လာတော့တာပဲ ။ ဒါဟာ ဘာလဲ ဆိုတော့ မိခင်စေတနာကို နားမလည်တဲ့ သားသမီးတွေက အချင်းချင်းကိုရန်တိုက်ပီး ခြံကြီးကို အမွေခွဲဖို့  လုပ်သတဲ့ ။ ဒီလိုနဲ့ မောင်နှမတွေ မိသားစု လိုက်သွေးကွဲ ၊ အချင်းချင်း သွေးကွဲပီး ခိုက်ရန် ဖြစ်တဲ့ အထိရောက်ကုန်တာပေါ့ ။
ဒါကို မိခင်ကြီးက ၀င်ရောက်ဖြန်ဖြေတယ် သဘောတရားနဲ့ အုပ်ထိန်းတော့ သားသမီးတွေက ဆူမြဲဆူ ၊ ပူမြဲပူ နဲ့ မိခင်ကြီး ရင်လေးတဲ့ အဖြစ်ကို ရောက်လာတော့တာပဲ ။

နွားကွဲရင် ၊ ကျားဆွဲမယ်ဆိုတဲ့ အတိုင်း ခြံကြီးရဲ့ အခြေ အနေ ကိုသိတဲ့ ရွာ နောက်ပိုင်းက အသားနီစပ် ၊ လူဖြူရက် ခြံက ဦးလေးကြီးက ခြံကြီးရဲ့ အနောက်ဘက် ချောင်းမှာ လှေနဲ့ လာပီး အရောင်ဆိုးထားတဲ့ မေတ္တာ နဲ့ ကူညီဖို့ ဆိုပီးရောက်လာတယ်လေ ... ။ ဒီတော့ မိခင်ကြီးကအကြောက်တရားနဲ့ ထိန်းကွပ်မှ ဖြစ်မယ် လို့ တွေးပီးးးးးးးးရင်နာနာ နဲ့ သားသမီးတွေကို ရိုက်ရ ၊ ပုတ်ရတာပေါ့ ။ သားသမီးတွေက မိခင် စေတနာကို နားမလည်ပဲ ၊ စိတ်မှတ်ဆွဲခဲ့တာပေါ့ ... ။ တချို့ ဆို ခြံကြီး အပြင်ကို ထွက်ပီး တခြား ခြံတွေ ဆီမှာ ခိုလှုံခဲ့တယ် ... မိခင်ရဲ့ ရင်ခွင်ထက် တခြား ရင်ခွင်မှ လုံခြုံတယ်ထင်တယ်လေ .... ။ ပီးတော့ ဒီခြံကြီးကိုဘယ်လို ပြိုကွဲအောင်လုပ် မလဲ စဉ်းစားပီး တခြားခြံကြီးတွေ ရဲ့ အကူအညီကို ယူတာပေါ့ .။ တခြားခြံကြီးက အကူအညီတွေပေးတာပေါ့ ၊ ငါတို့ ခြံကြီးရဲ့ ဘေးခြံက အသားဖြူဖြူ ဦးလေးကြီး ခြံကို လိုချင်တာကြောင့် ....ငါတို့ ခြံကြီးကို အရင်သိမ်းယူတာပေါ့ ... ။

စည်းကမ်းတွေကို မလိုက်နာချင်တဲ့ သားသမီးတွေကတော့ မိခင်ကြီးရင်ခွင်ကို အမျိုးမျိုး ကြံဆောင်ပီး ခြေစုံ ကန်တာပေါ့ .. ။ ဒီထက်ဆိုးတာကတော့ သားသမီးတွေက ဟိုဟာလိုချင် ၊ ဒီဟာလိုချင် နဲ့ အမျိုးမျိုး ကိုတောင်း ဆိုနေတော့တာပဲ ။မိဘ ဆိုတာ သားသမီးလိုအင် အရာအားလုံးကို အတက်နိုင်ဆုံး ၊ အကောင်းဆုံးဖြစ်အောင် သားသမီးတွေ ဆန္ဒ ထပ်တူကျအောင် ဖြည့်ဆည်းပေးခဲ့တယ် .. ။ အဆိုးဆုံးကတော့ ခြံထွက်သီးနှံတွေကို ထုတ်ယူ ရောင်းခွင့်မရတာပဲ .... ။ ဒါကလဲ သားသမီးတွေထဲက ပဲ လုပ်ဆောင်သွားလို့ မိခင်ကြီး က အပြစ် မယူ ပဲ ရှိတာလေးတွေနဲ့ သားသမီးလိုအင်ဖြည့်ဆည်းတယ် .. ၊ ဘေးခြံက အသားဖြူဖြူ ဦးလေကြီး အကူအညီယူ ပီး ဖြည့်ဆည်းပေးနေခဲ့ ရတယ်လေ.... ။

ဒီလိုနဲ့ မိခင်ကြီးက အနှစ် ၂၀ ကျော်ကြာ သားသမီးတွေကို ကိုယ်တိုင်စောင့်ရှောက်ပီးစည်းကမ်းတွေနဲ့ အုပ်ထိန်းခဲ့ရ တာ ..... ။ မိခင်ကြီးက သားသမီးတွေကို ယုံကြည် စိတ်ချလို့ ရတဲ့ အခြေ အနေ လည်းရောက်ရော အရင် လို လွတ်လပ်ခွင့်ပေးခဲ့ပီး ၊ ဘေးကသာ အုပ်ထိန်းဖို့ စဉ်းစားခဲ့တယ် ... ။ ဒါတွေကို နားမလည်တဲ့ သားသမီးတွေ က သွေးကွဲမူ့ ကို ထိန်းချုပ်ပီး ၊ခြံကြီးပြိုကွဲမှာဆိုးလို့ ကိုယ်တိုင်ကိုယ်ကျ ၀င်ရောက်ထိန်းသိမ်းတဲ့ မိခင် ၊ စည်းကမ်းနားမထောင်လို့ ရိုက်ပီးဆုံးမတဲ့ မိခင်ကို ဒီခြံကြီးမှာ မရှိဖို့ ကြံဆောင်နေလေရဲ့ .... ။ မိခင် မေတ္တာ ကို နား
လည်တဲ့ သားသမီးတွေကိုပါ အထင်လွဲအောင် ထပ်လုပ်နေလရဲ့.... ။ 
 
မိခင် ရဲ့ မေတ္တာ ၊ စေတနာ တွေကို နားမလည်တဲ့ သားသမီးတွေကတော့ မိခင်ကြီးကို စော်ကားဖို့ ၊ မကောင်းကြံဖို့ ပြောဆို လျှက်ပါပဲ ..... ။ မိခင်ရဲ့ ရင်ခွင်ထွက် တခြားသူရဲ့ ရင်ခွင်ကို ခိုလှုံချင်တယ် ၊ တခြား ခြံကြီးတွေလို နေချင်တယ် ..... ဒါပေမဲ့ မိခင်ရဲ့ အခက်အခဲကို နားမလည်ဘူး ၊ မသိခဲ့ကြဘူးလေ...... ။
လိုချင်တာ ကို သာတောင်းနေတုန်းပါပဲ.......

0 မှတ်ချက်:

Post a Comment