Pages

တပ်မတော်သည်အမိ..တပ်မတော်သည်အဖ-2


http://www.mwdmedia.net/2012/08/24-photos.html လားရှိုးမြို့တွင်သြဂုတ်လ(၁၉)ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး နမ့်လောင်းချောင်းရေ ရေကြီးမှု ဖြစ်ပွားကာ လားရှိုးမြို့အ၀င် ပြည်ထောင်စု လမ်းမကြီးပေါ်နှင့် မြေနိမ့်ပိုင်းကျသော ရပ်ကွက် များသို့ရေ၀င်ရောက်မှုများ ရှိခဲ့ရာလူနေအိမ်များမှ ပစ္စည်းများ ရေစီးနှင့် မျောပါခြင်း၊ အိမ်အချို့ပြိုကျခြင်း၊ အုတ်တံတိုင်းများ ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ လားရှိုးမြို့ ရပ်ကွက် (၁)၊ နယ်မြေ (၇)အတွင်းရှိ နေအိမ် ၅၀ လုံး၊ နယ်မြေ (၉)အတွင်းရှိ နေအိမ် ၅၅ လုံး၊ ရပ်ကွက် (၁၂) အတွင်းရှိ နေအိမ် ၆၀ လုံးခန့် ရေနစ်မြုပ်ခဲ့ကြောင်း သိရှိရသည်။ ကားလမ်းရေကျော်မှုကြောင့် ယာဉ်ကြီး/
ငယ်များ ဖြတ်သန်းသွာလာမှု ခေတ္တ ပိတ်ထားခဲ့ရပြီး ပြည်သူများအဆင်ပြေသွားလာရေးအတွက် တပ်မတော်မှ အဓိကပံ့ပိုးကူညီမှုများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

0 မှတ်ချက်:

Post a Comment