NLD ပါတီဝင်တွေ မငြိမ်းချမ်းတဲ့ ဧရာဝတီတိုင်း ဒေါ်စုကိုယ်တိုင် ရင်ကြားစေ့ဖို့စက်တင်ဘာလ 1 ရက်နေ့ ပုသိမ်လာမည် ...
ဒေါ်စု ကမငြိမ်းချမ်းပဲ ပါတီဝင်အချင်းချင်း ပြသနာတွေများနေတဲ့
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ကိုလာပြီးတော့ ပါတီဝင်တွေအကြား
အဆင်မပြေတာတွေကို အဆင်ပြေအောင် ရင်ကြားစေ့ဖို့လာမယ်လို့သိရပါတယ်.. ရန်ကုန်နေပြီးတော့ စက်တင်ဘာလ 1 ရက်နေ့ မနက် 5 နာရီမှာ ထွက်မယ်လို့ ပါတီတွင်းအသိုင်းအ၀ိုင်းကပဲသိရပါ တယ်။
ဒါပေမယ့် ရှေ့ပြေးအနေနဲ့ ပါတီရဲ့ အတိုင်ပင်ခံ ရှေ့နေ ကျော်ဟိုးကတော့
နေ့လည်ထဲက ပုသိမ်ကိုရောက်ပြီး ဥမ္မာဒန္ဒီရပ်ကွက်က ပါတီရုံးမှာ ခရိုင်/ မြို့နယ်တွေက
ကော်မရှင်အဖွဲ့တွေနဲ့ပဲ အစည်းအဝေးပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်.
အဲဒီ့အစည်းအဝေးမှာ ယခင်တုန်းက ဖွင့်ထားတဲ့ ပုသိမ်မြို့၊ စကားဝါလမ်းက
ပါတီရုံးမှာ ပါတီကို ဆန့်ကျင်တဲ့သူတွေသုံးနေခြင်းနဲ့ ပါတီကိုမလိုလားတဲံသူများ အသုံးပြုနေတဲ့အတွက် အဲဒီ့နေရာကို ပါတီဥက္ကဌက အသိအမှတ်မပြုတော့ဘူးဆိုတဲ့အကြော င်း အစည်းအဝေးတက်လာတဲ့ သူတွေကိုပြောခဲ့ပါတယ်..
အဲဒီ့နောက်မှာတော့ ညနေပိုင်းလောက်မှာပဲ ကျော်ဟိုးဦးစီးပြီးတော့
ဥမ္မာဒန္ဒီလမ်းမှာရှိတဲ့ ပါတီရုံးမှာပဲ တိုင်း/ခရိုင်/မြို့နယ် ရုံးဆိုပြီး
ပါတီဆိုင်းဘုတ်တင်ခဲ့ပါတယ်..
အဲဒါနဲ့ပတ်သက်ပြီးတော့ ပါတီဝင်အများစုက မကျေနပ်ကြပါဘူး... ပါတီတွင်းအသိုင်းအ၀ိုင်းတစ်ချို့ ရဲ့ပြောကြား ချက်များအရ
မနက်ဖြန်မှာတော့ ဒေါ်စုလာတဲ့လမ်းမှာ ပါတီအပေါ်မလိုလားတဲ့ ပါတီဝင်
အချို့ကနေပြီး ဆန့်ကျင် ဆန္ဒပြပွဲတွေ လုပ်မယ်လို့သိရပါတယ်.. ဒေါ်စု ပုသိမ်ကို
လာရင်တော့ ညောင်တုန်း၊ ပန်းတနော်၊ ကျောင်းကုန်း၊ ကန်ကြီးဒေါင့်မြို့များကို
ဖြတ်သန်းရမှာဖြစ်ပြီး မလိုလားတဲ့ပါတီဝင်များကတော့ သတင်းရရင် ရချင်းပဲ
အချင်းချင်း ဆက်သွယ်ပြီး ဒေါ်စုကို ဆန္ဒပြဖို့ စီစဉ်နေကြတဲ့အကြောင်း
ပါတီဝင်ထဲကပဲ မလိုလားသူများက ပြောနေကြတာကို ကြားသိရပါတယ်........
ဒီမို ပါပါကြီး
ဒါပေမယ့် ရှေ့ပြေးအနေနဲ့ ပါတီရဲ့ အတိုင်ပင်ခံ ရှေ့နေ ကျော်ဟိုးကတော့ နေ့လည်ထဲက ပုသိမ်ကိုရောက်ပြီး ဥမ္မာဒန္ဒီရပ်ကွက်က ပါတီရုံးမှာ ခရိုင်/
အဲဒီ့နောက်မှာတော့ ညနေပိုင်းလောက်မှာပဲ ကျော်ဟိုးဦးစီးပြီးတော့ ဥမ္မာဒန္ဒီလမ်းမှာရှိတဲ့ ပါတီရုံးမှာပဲ တိုင်း/ခရိုင်/မြို့နယ် ရုံးဆိုပြီး ပါတီဆိုင်းဘုတ်တင်ခဲ့ပါတယ်..
အဲဒါနဲ့ပတ်သက်ပြီးတော့ ပါတီဝင်အများစုက မကျေနပ်ကြပါဘူး... ပါတီတွင်းအသိုင်းအ၀ိုင်းတစ်ချို
0 မှတ်ချက်:
Post a Comment