Pages

“ခေါင်းဆောင်ဟု သတ်မှတ်နေကြတဲ့ သူများ လက်တွေ့ အလုပ်လုပ်ပြရန် အချိန်ရောက်”-



ပြည်သူတို့ အတွက် အလုပ်လုပ်ပေး နေပါသည်ဆိုသော ခေါင်းဆောင်ဟု ကိုယ့်ဖာသာကိုယ် အမည်ပေး သတ်မှတ်ထားသည့် သူများ ရှေ့ တန်း ရောက်လာ နေသည်မှာ ကြာခဲ့ပါပြီ။ ဘာတွေ ဆက်လုပ်ကြမလဲ ဆိုတာ အလုပ်တွေကို ချပြရပါတော့မယ်။ အာလူးပစ်ပြီး ပြည်သူ လူထုကို ခုတုံးလုပ်ကာ နိုင်ငံတကာ လှည့်လည်ကာ ဟန်ရေးပြ နေခဲ့တာ နှစ် ၂၀ ကျော်ခဲ့ပါပြီ။ တော်လောက်ပါပြီ။


ပြည်တွင်းကရော ပြည်ပမှာပါ အဲဒီလူတွေက ရဲရဲတောက် စကားလုံးတွေနဲ့ ပြည်ပ လေလှိုင်းမှာ မိုက်ခွက် ကိုင်ခွင့်ရပြီး အော်ဟစ်ခဲ့၊ လက်ခုပ်သံတွေ တောင်းခဲ့တာ နှစ် (၂၀)ကျော် ကြာပါပြီ။

“မိုဟာမက်နဲ့ တောင်ကြီး” ဆိုတဲ့ အာရပ်ပုံပြင်တပုဒ် ထဲမှာ မိုဟာမက်ဟာ တောင်ကြီး သူ့ဆီကို လာဖို့ ဂါထာမန္တာန်တွေနဲ့ မန်းမှုတ်ခဲ့ပေမယ့် တောင်ကြီးက သူ့ဆီကို မလာပါဘူး။

မိုဟာမက်က တောင်ကြီးဆီကိုမသွား၊ တောင်ကြီးက ခုအချိန်မှာ မိုဟာမက်ဆီ လာနေပြီ။ တောင်ကြီးဆီကို မသွားတဲ့ မိုဟာမက်။ ပင်လယ်ထဲ ဆင်းပြီ။

0 မှတ်ချက်:

Post a Comment