Pages

ပညာရှိသတိ ဖြစ်ခဲမိုလို့ သတိပေးတာပါ



ငါတော်တော်တော့ အသည်းယားလာပြီ..... ထောက်ခံခဲ့တာ၊ အထင်ကြီးခဲ့တာ အားလုံးအလကားပဲ......။ ကဲကြည့်ကြပါဦးကောင်းကြသေးရဲ့လား???? ( ယနေ့ သတင်းစာရှင်းလင်းပွဲ 7 Days News မှ - ကျွန်မအနေနဲ့တော့ ဒီမိုကရေစီကို ယုံကြည်လို့ ကျွန်မဟာကျွန်မ သုံးချင်သလို သုံးခွင့်ရှိတယ်လို့ ကျွန်မကတော့ ယူဆတယ် ) ဒါကိုပြောလို့ ပြည်သူအတွက်ဘာအကျိုးများရလာလို့လဲ????လူထုခေါင်းဆောင်ကြီးရဲ့..???မြန်မာလို့သုံးပေးတာ မှနိုင်ငံ အတွက်ရော ပြည်ပရောက်နေတဲ့ ပြည်သူတွေအတွက်ပါ အကျိုးရှိဦးမယ်။

 ဒီမိုကရေစီရနေတယ်ပဲ ထားပါဦး.... ခေါင်းဆောင်ဆိုတာကိုယ့်ဆန္ဒကိုရှေ့တန်းမတင်ရဘူးဗျ.....။ ခုတော့ကိုယ်ကြိုက်လို့ ကိုယ်ပြောတယ် .... ဒီလိုဖြစ်နေပြီဗျ.....။ 



ဒီလိုခေါင်းဆောင်ကို ကျွန်တော်တို့တိုင်းရင်းသားတွေဘယ်လို ယုံကြည်စွာနဲ့အားကိုးရမလဲ။ မိကျောင်းမင်းရေကင်း မပြချင် ဘူးဗျာ......။သူ့ကိုယ်ကျိုးအတွက်သွားတာဆိုတော့ သူသုံးချင်သလိုသုံးမှာပေါ့!!! ဒီလိုထင်စရာဖြစ်နေပြီ။ ပြောတော့ နိုင်ငံအတွက်ရောဆို!!!! ဒါဆိုကမ္ဘာကို မြန်မာဆိုတာသိအောင်ကြိုးစားခဲ့ပါတော့လား။ ခုတော့ လုပ်နိုင်ခဲ့ရဲ့သားနဲ့တောင် အမတ် တစ်ယောက်လုပ်နေပြီး ဘာမှမလုပ်ခဲ့တဲ့အပြင် တိုင်းရင်းသားတွေကိုပါ သွေးခွဲတယ် .....ရက်စက်တယ်နော်။ အမတ်တစ်ယောက် အနေနဲ့သာသွားလို့ ဒီလိုပြောတယ်ဆိုရင် နုတ်ထွက်ပေးပါလို့ ပြောချင်တယ်...။ ဒီမိုကရေစီကဖော်ဆောင်တုန်းပါ။ ဘယ်သူက ဒီမိုကရေစီ ရနေပြီလို့ပြောလို့လဲ..???။ ဒီမိုကရေစီမှာတောင် အမျိုးမျိုးရှိသေးပါ တယ်။ ဒါကိုလည်းထည့်ထည့်ပြောပါ။

 မြန်မာမှာ ဒီမိုကရေစီဆိုတာတစ်ခါမှ မရဖူးတော့ မိုက်ရှိင်းချင်တိုင်းမိုက်ရှိင်း၊ ပြောချင်တိုင်းပြောလို့ရတာကို ဒီမိုကရေစီ လို့ထင်နေကြပြီ။ နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရေစီရချင်ရင် စည်းကမ်းရှိအောင် အရင်လုပ်ရတယ်တဲ့ဗျ......။ သူ့ရဲ့ရှိနိုင်တဲ့ စည်းကမ်းကိုကြည့်ပြီးမှ လိုက်ဖက်တဲ့ဒီမိုကရေစီကိုပေးတယ်.....။ ဒီမိုကရေစီရလည်း ဥပဒေဆိုတာရှိသေးတယ်...... လွတ်လပ်တာနဲ့စည်းလွတ်တာမတူဘူးဗျ....။ ဒါတွေကျွှန်တော်တို့ သင်ရတယ်၊သိတယ် ဆိုတာထက်အန်တီကပိုသိပါတယ်။ သိစေချင်တယ်၊ ပြောပြချင်တယ်ဆိုရင်လည်း အကုန်ပြောပြပါ.....ချန်မထားပါနဲ့.....။ 

အန်တီကကျွန်တော်တို့ထက် တတ်လို့၊တော်လို့ အောက်ဆ်ဖို့မှာတောင်တက်လာတာပါ။ အသက်ကြီးတဲ့အတွက်ကြောင့် ၀ါလည်းပိုရင့်ပါတယ်။ အန်တီပြောနေတဲ့ ဒီမိုကရေစီကို အန်တီ့ အဖွဲ့ဝင်တွေကိုယ်တိုင်တောင် မလိုက်နာနိုင်သေးပါဘူး။ လူတိုင်းအားလုံးမကောင်းနိုင်သလို ဘုရားတောင်မှအပြစ်ပြော ခံရခြင်းမကင်းခဲ့ပါဘူး။ NLD ကိုထောက်ခံတဲ့သူရှိသလို၊ မထောက်ခံတဲ့သူရှိပါတယ်။ ခုတော့အမှန်တရားကိုပြောတာတောင် အပြောမခံနိုင်ပဲ ဆဲလိုက်ကြတာ..... မိုးမွှန်နေတာပဲ. ...။ဒီလိုလူတွေနဲ့ အန်တီဘယ်လို ဒီမိုကရေစီဖော်ဆောင်မှာလဲ။ အများကြီးလိုပါသေးတယ်.... အန်တီ....။

 မြန်မာလို့ပြောင်းတာကို ပြည်သူ့သဘေထားမပါလို့ ဒီအချိန်ကျမှ ပြည်သူ့သဘောထားပြန်ကောက်ခံမယ်ဆိုလည်း ဖြစ်ပါတယ်။ တိုင်းရင်းသားတိုင်း ဦးနှောက်ရှိတဲ့ ပြည်သူတိုင်းလက်ခံတယ်။ မယုံရင်တောင်းဆိုကြည့်ပါ။ အရေးကြီးချိန်မှာမယောင်ရာ ဆီလူးနေ သလိုဖြစ်နေပါပြီ။ ဘာမှပြောစရာမရှိလို့အစကတည်းက မကန့်ကွက်ခဲ့တာပေါ့။ အာဏာလိုချင်လို့ ပြည်တွင်း ဆူပူမှုဖြစ်အောင် လုပ်နေသလိုဖြစ်နေပါပြီ။ ဗမာလို့သာပြောင်းကြည့်ဆန္ဒပြကြမှာသေချာတယ်.....။ 

ကျွန်တော်က ဗမာပါပဲ... ကရင်နဲ့ ရှမ်းနည်းနည်းပဲစပ်ပါတယ်။ တိုင်းရင်းသားတွေရဲ့ခံစားချက် အနေနဲ့ပြောရ ရင်... မြန်မာနိုင်ငံ ဟာနင်တို့ဗမာတွေချည့်ပိုင်တာ မဟုတ်ဘူး။ ဗမာနိုင်ငံလို့ မခေါ်နဲ့ မကြိုက်ဘူး။ ဒီလိုခေါ်တာဗမာတွေချည်းမောင်ပိုင်စီးချင်လို့
ခေါ်သလိုဖြစ်နေပြီ။ သူတစ်ပါးလက်အောက် မကျခင်ကတည်းက ငါတို့ကကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ကိုယ့်နယ်မြေခြား နဲ့ကိုယ်နေ လာကြတာ...။ တော်လှန်ရေးခေတ်ကျမှ လွတ်လပ်ရေးရအောင် ဗိုလ်ချုပ်ကိုယ်တိုင်လာပြီး စည်းရုံးပြီး ပင်လုံစာချုပ်ချုပ်လိုက်လို့ တိုင်းရင်းသားအားလုံးနဲ့ ဖွဲ့စည်းထားတဲ့ပြည်ထောင်စု မြန်မာနိုင်ငံဖြစ်လာတာ...။ 

ဘာလဲ.... ဒီမိုကရေစီက ဗမာတွေအတွက်ပဲလား????။ ဗိုလ်ချုပ်တုန်းက ဒီလိုမခွဲခြားခဲ့ဘူးဗျ...... စိတ်မကောင်းဘူး။ အဓိက ကဘာလဲ... သိတယ်။ ဦးသိန်းစိန်မှတရားဝင်ပြောင်း မပေးရင် ပြီးတာပဲ...။ အများကြီးရှင်းမပြတော့ဘူး ....... မြန်မာ့သမိုင်း ကိုသေချာလေ့လာပါ။ တစ်ချို့ကမြန်မာဆို လွတ်လပ်ရေးရပြီး ဗိုလ်ချုပ်တို့ကိုယ်တိုင်ပြောင်းခဲ့ကြတာလို့လဲ ပြောတယ် ။  သေချာလေ့လာ ကြည့်ပါဦး.... တော်ကြာမိဘက လက်နဲ့ (လက်နဲ့တင်မကပါဘူး။ သွေးနဲ့၊ ချွေးနဲ့၊ အသက်နဲ့ 
ရေးခဲ့တာကို ကိုယ်ကခြေနဲ့ဖျက်သလိုဖြစ်နေမယ်.......။ စေတနာနဲ့ပြောတာပါ..... အန်တီ....။ တကယ်လို.... အဲဒါသာ အမှန်ဖြစ်နေခဲ့ရင် အန်တီ့ရဲ့ image အတွက်မကောင်းလို့ပါ။ ပညာရှိသတိဖြစ်ခဲမိုလို့ သတိပေးတာ ပါ။

 ဒေါ်စုကြည် - ကျန်းမာပါစေ။


Suzan Bo (Poe Ei Phyu)

0 မှတ်ချက်:

Post a Comment