ဟာမြင်နေ၇ မဟုတ်တောဘူး.............ဒီ ကောင်မ ကမြန်မာပြည်လာပြီ မြန်မာလူမျိုးကို လာစော်ကာတာလား..........ဘာလဲကွ.....၇ခိုင် တွေ နေတဲနေ၇ာကြတော့ ............ .တောက်........ ..............တိုသမ္မတကြီးကို လာစော်ကာတာဘဲ့
- 1988 ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့သော ဒီမိုကရေစီအရေးအခင်းကာလ လူထုအုံကြွမှုကိုအခွင့်ကောင်းယူကာ မွတ်ဆလင်လှုပ်ရှားမှုလှုပ်ရှားမှုများလည်း ချိန်ကိုက်လှုပ်ရှားလာသည်ကို တွေ့ရသည်။ ၄င်းတို့က မောင်တော တွင် 88 အရေးအခင်းမိတိုင်မှီကပင်စီစဉ်ခဲ့ရာ၎င်းမှာ13-5-88 ရက်နေ့တွင် ရခိုင်တိုင်းရင်းသားများအား လုပ်ကြံ ပြီးတစ်ဖက်နိုင်ငံမှ ဘင်္ဂါလီများကို ချက်ချင်းအစားထိုးရေးကြံစည်ခဲ့ခြင်းဖြစ်သည်။
- မွတ်ဆလင်တို့အနေဖြင့် ဒုတိယကမ္ဘာစစ်ကာလရခ်ုင-ကုလား အဓိကရုဏ်းတွင် ရခိုင်များကို ဘူးသီးတောင်၊ မောင်တောနယ်မှ မောင်းထုတ်ခဲ့သည့် မေ 13 ရက်နေ့ကို ၄င်းတို့ အောင်ပွဲနေ့အဖြစ် သတ်မှတ်ထားသဖြင့် 1988 ခနှစ်၊ မေ 13 ရက်နေ့အတွင်းလည်း ထိုရည်ရွယ်ချက်ကို အကောင် အထည်ဖော်ဆောင်ရွက်ခြ့သည်ကို သိရှိရသည်။ ထို့နေညတွင် ဘင်္ဂါလီလူမျိုးငါးသောင်းခန့်က မြို့ပေါ်ရှိ အာဏာပိုင်ပုဂ္ဂိုလ်များမရှိခြင်းကို အခွင့်ကောင်းယူကာ ရခိုင်သားများကို သစ်ပစ်ကြ၊ ဘုရားရှင်အလိုကျ ဘာသာရေးတိုက်ပွဲဆင်နွှဲကြဟု ကြွေးောက်ာကာ မြို့ကိုဝိုင်းရံလာကြသည်။ ထိုအချိန်တွင် မြို့တွင်း လုံခြုံရေးအခြေအနေ အားနည်းနေခြင်းကို အခွင့်ကောင်းယူကာစနစ်တကျ ပိတ်ဆို့ပြီး မောင်တောမြို့ကို အပြီးပိုင်သိမ်းပိုက်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ၀ိုင်းရံထားသော ဘင်္ဂါလီများကို အတင်းဖောက်ထွက်ကာ တပ်ကို သွားရောက်အကူအညီတောင်းရန် ကြိုးပမ်းခဲ့ကြရသည်။ ရဲနှင့်လုံထိန်းတပ်က ရခိုင်ပြည်သူများနှင့် အတူ ခုခံ သဖြင့် ၄င်းတို့ကြံရွယ်ချက်မအောင်မြင်ချေ။ အောင်မြင်ခဲ့ပါက မောင်တောကို မွတ်ဆလင်နယ်မြေ အဖြစ်သွတ်သွင်းရန်ကြံစည်ခဲံကြသည်။ ထိုသိမ်းပိုက်ရန် ကြံစည်ချကအောင်မြင်သည်နှင့်မောင်တောမြို့မှ မီးရောင်မြင်သည်နှင့် နီးစပ်ရာ ရခိုင်ရွာငယ်များကို အပြတ်ရှင်းရန် စီစဉ်ပြီးဖြစ်သည်ကိုသိရှိရသည်။ ထိုသို့ မောင်တောကို ၀ိုင်းရံတိုက်ခိုက်ရန် ဆောင်ရွက်မှုတွင် မောင်တောရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး ဘဒူမြာ ကိုယ်တိုင် သီးဆောင်ပါခဲ့ရာ အစိုးရအဖွဲ့ အစည်းအတွင်း ၀င်ရောက်တာဝန်ထမ်းဆောင်နေသော မွတ်ဆလင်များပင်လျှင် မောင်တောတွင် စိတ်ချရသည့်အဆင့်မရှိသည်ကိုတွေ့ရှိရသည်။ ဤအရေးအခင်းသည် 1942 ခုနှစ် ကုလား ရခိုင်အဓိကရုဏ်းဖြစ်ဖြစ်ပွားပြီးနောက်ပိုင်းအကြီး ကျယ်ဆုံးလူထု အင်အားပြ ဆန့်ကျင်မှုဖြစ်သည်။ မောင်တောမြို့လူထုအနေဖြင့် နာရီပိုင်းအတွင်းမြို့ကျဆုံးနိုင်သည့် အခြေအနေမျိုးရင်ဆိုင်လာရသည်။ မောင်တောမြို့နယ်၊ သံဃာ့နာယက ဥက္ကဌ ဗဟိုသံဃာ့နာယက အဖွဲ့ထံ တင်ပြသည့် စာတွင်-
- 13-8-88 သောကြောနေ့ ည (၉)နာရီကျော်တွင် ကုလားငါးသောင်းခန့် မောင်တောမြို့ကို တောင်ဘက်၊ အရှေ့ဘက်၊ မြောက်ဘကိတို့မှ ၀ိုင်းရံပြီး ရခိုင်ဗုဒ္ဒဘာသာ များကို သတ်ပစ်ရန်ကြိုးပမ်းခဲ့ကြပါသည်။ ယင်းနေ့က (၄)ရပ်ကွက်ရှိ မြို့သစ်ဘုန်းကြီးကျောင်းကို လက်တင်ဖျက်ဆီးခဲ့ကြပြီး၊ ဗဟိုကျောင်းတိုက်ကိုဝိုင်းရံထားခဲ့ကြပါသည်။ ပြည်သူ့ရဲတပ်ဖွဲ့နှင့် အမှတ်(၂)လုံထိန်းတပ်ရင်းတို့၏ အချိန်မှိတားဆီးနိုင်မှုကြောင့် ရခိုင်များ ကွပ်မျက်ခံရမှုဘေးမှ လွတ်မြောက်ခဲ့ပါသည်။ ၄င်းတို့၏ လုပ်ရပ်သာအောင်မြင်ခဲ့ပါက ဘင်္ဂလားဒေရှ့်နိုင်ငံမှ လူနှစ်သိန်းခွဲကို ချက်ချင်းသွင်းယူပြီးမွတ်ဆင်လင်နယ်မြေအဖြစ် သိမ်းပိုက်ကာ ဘင်္ဂလားဒေရှ့်နိုင်ငံ၏အစိတ်အပိုင်းအဖြစ်သွတ်သွင်းရန်ကြိုးစားယုတ်မာသော ကြံစည်မှု ကြီးဖြစ်ပါသည်။ ဟုတင်ပြထားသည်ကို တွေ့ရသည်။
- 1988 ခုနှစ် စက်တင်ဘာလတွင် မောင်တောမြို့မ၊ ကညင်တောအထကကျောင်းတွင် စစ်တွေမှ ရောက်ရှိလာသော ဒီမိုကရေစီ သပိတ်တိုက်ပွဲခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးခေါင်းဆောင်များ တရားဟောပြောရာတွင် မောင်တောမှဘင်္ဂါလီခေါင်းဆောင် ဒေါက်တာ ထွန်းအောင်(အဒူလောက်)က 1988 ခုနှစ် မေလက မွတ်ဆလင်အင်အားပြဆန္ဒပြမှုကြီးသည် မြန်မာနိုင်ငံတွင် ပထမဆုံးသော ဒီမိုကရေစီအခွင့်အရေးအတွက်လှုပ်ရှားမှုဖြစ်ကြောင်း ဟောပြောသွားသည်။ ၄င်းအပြင်စစ်တွေမြို့မှ ကုလားရှေ့နေ ရွှေမောင်ဆိုသူကလည်းကုလားတို့မှာ ရိုဟင်ဂျာများဖြစ်ကြောင်း ရခိုင်ပြည်သို့ ၀င်ရောက်လာသည်မှာ အေဒီ 680 ခန့်ကပင်ဖြစ်ကြောင်းအခွင့်အရေးရလျှင် တိုင်းရင်းသားများနှင့် တန်းတူရရှိမည်ဖြစ်ကြောင်း ပြောသွားသည်ကို တွေ့ရပါသည်။ ထိုဟောပြောပွဲတွင် ရခိုင်နှင့် ကုလားငြိမ်းချမ်းစွာနေထိုင်ပြီး ဒီမိုကရေစီကို တောင်းဆိုကြရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့သော်လည်း ဘင်္ဂါလီများမှာရရှိသည့် အခွင့်အရေးကို အရယူပြီး မမှန်ကန်သည့် သမိုင်းကြောင်းများကို တင်ပြသွားခဲ့ခြင်းဖြစ်ကြောင်း သိရှီရပါသည်။
- မြန်မာတစ်နိုင်ငံလုံးလူထု လူတန်းစားပေါင်းစုံပါဝင်ဆန္ဒပြထကြွခဲ့သော တစ်ပါတီအာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုသည် အစိုးရကိုပြုကျစေခဲ့သော်လည်း 1988 စက်တင်ဘာလ 18 ရက်နေ့တွင် စစ်တပ်မှ အခြေအနေကို ထိန်းသိမ်းလိုက်ခြင်းကြောင့် ပြိုကွဲသွားသည်။ တပ်မတော်အစိုးရက တစ်နိုင်ငံလုံးကို စစ်အုပ်ချုပ်ရေးကြေညာပြီးအုပ်ချုပ်ခဲ့သည်။ သို့သော်ပြည်သူတို့လိုလားသော ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံ၍ 1990 ပြည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကြေညာခဲ့သည်။
- တပ်မတော်အစိုးရ၏ ဖိတ်ခေါ်ချက်အရ နိုင်ငံရေးပါတီများမှတ်ပုံတင်ကြရာ ပါတီပေါင်း (200)ကျော် မှတ်ပုံတင်ခဲ့ကြသည်။ ယင်းပါတီများထထဲ မွတ်ဆလင်ပါတီ အမျိုးမျိုးလည်းပါဝင်သည်။ ၄င်းတို့အနက် အမျိုးသား ပါတီက 31-3-89 နေ့စွဲဖြင့် ရိုဟင်ဂျာနိုင်ငံရေးသမိုင်းနှင့် အနာဂတ်ရခိုင်ပြည်ဟူသောစာတမ်းကို ထုတ်ဝေခဲ့သည်။ ၄င်းစာအုပ်တွင် ယခုအခါ ရိုဟင်ဂျာဟုခေါ်သူများကို ရခိုင်တိုင်းရင်းသားလူမျိုးများအဖြစ် ယုံကြည်လက်ခံကြောင်း ရေးသားထားသည်။ မတည်ငြိမ်သော အခြေအနေကို အခွင့်ကောင်းယူကာ နိုင်ငံရေးအမြတ်ထုတ်ရန် ဘင်္ဂါလီမွတ်ဆလင်တို့၏ ကြိုးပမ်းချက်သည် ထိုကာလတွင် ပိုမိုထင်ရှားခဲ့သည်ကို တွေ့ရသည်။ 2003 ခုနှစ်တွင် ဂျပန်တွင် အခြေစိုက်သည့် (မြန်မာနိုင်ငံရဂှိ ရိုဟင်ဂျာများအသင်း-ဂျပန်ပြည်)မှ ဇော်မင်းထွဋ် ရေးသားထုတ်ဝေသသည့် “ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် တိုင်းရင်းသားရိုဟင်ဂျာများ”စာအုပ်သည် ရိုဟင်ဂျာကို တိုင်းရင်းသာလူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုလာအောင်ကြိုးပမ်းချက်တစ်ရပ်ပင်ဖြစ်သည်။
- ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်သော မွတ်ဆလင်ပညာတက်များအနေဖြင့် မွတ်ဆလင်နိုင်ငံများ၏ (အထူးသဖြင့် ဆော်ဒီအာရေးဗီးယား) အထောက်အပံ့ကိုယူကာ ရိုဟင်ဂျာတိုင်းရင်းသားဖြစ်ရေးလှုပ်ရှားမှုများပြုလုပ်လာသည်ကို တွေ့ရပါသည်။ထိုသို့ ဆောင်ရွက်ရာတွင် ကမ္ဘာ့မီဒီယာလောကတွင် လက်ဦးမှုရယူရန် (Wed Site)ထောင်ခြင်း၊ ဆွေးနွေးပွဲများပြုလုပ်ခြင်းတို့ ဆောင်ရွက်လာသူည် အင်တာနက်တွင် လေ့လာကြည့်သည့်အခါ ရိုဟင်ဂျာဝက်ဘ်ဆိုက်များ အများအပြားရှိသည်ကို တွေ့ရပြီး (Search Engine)တောင်းသဖြင့် အင်တာနက်၏ နေရာတကာတွင် တက်လာသည်ကို တွေ့ရပါသည်။ ၄င်းတို့၏ ၀က်ဆိုက်များတွင် (Rohingya Language & Rohingya Culture)စသည်တို့ ထည့်သွင်းထားသည့်အပြင် ရိုဟင်ဂျာဘာသာစကားသင်နည်းကိုပါ ထည့်သွင်းလာပါသည်။ ထို့အပြင်၎င်းတို့တွင် စာမရှိသဖြင် အူရဒူ ဘာသာစားကို သုံးလျှင်လည်း တစ်ဖက်နိုင်ငံသားဟု ယူဆကြမည်ကို တွက်ဆကာ အခြားဘာသာ စကားများနှင့်မတူဘဲ သီးခြားအသွင် သီးခြားစကားရှိသည့်ပုံစံဖြင့် Roma စာဖြင့် တီထွင်ရေးသားနေသည်ကို တွေရသည်။ အာရဗီ၊ အူရဒူဘာသာစကားများကို ပေါင်းစပ်ကာ စာအသစ်တီထွင်ပြီး နိုင်ငံသစ်တစ်ခုလုပ်ရန် ကြံစည်ခြင်းဖြစ်သည်။ တစ်နည်းဖြင့်ကိုယ်ပိုင်ယဉ်ကျေးမှု ရှိသော လူမျိုးများဟုသည့် အဓိပါယ်ရောက်ရှိအောင် စနစ်တကျ ဆောင်ရွက်နေခြင်းပင်ဖြစ်သည်။
- (နောက်ထပ်ဆက်ရန် စာများစွာကျန်ရှိသေးပါသည်၊ ယခုလက်ရှိတွင် 8 လေးလုံးဆူပူမှုကို လူထု အောင်ပွဲအဖြစ် ပြောဆိုနေကြသူများအား ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး 8 လေးလုံးမှာ ဘယ်လို ခံစားခဲ့ရတယ် ရိုဟင်ဂျာတွေဆိုတာ ဘယ်လောက်ဆိုးဝါးတယ်ဆိုတာကို သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။)
၁။ ဖိုးကံကောင်း၊ “ဓမ္မန္တရယ်”၊ မြတ်ခင်းသစ်မဂဇင်း၊ အမှတ်စဉ်(၂၅)၊ ၁၉၉၂၊ စာ (၈၇)၂။ ဖော်ဇံ၊ ရခိုင်နယ်စပ်မှ ဗိုလ်ချင်းပျံ၊ ဓည၀တီမဂဇင်း၊ နှစ်ပတ်လည်(၁၉၅၂-၅၃)၊ စာ(၂၀)။၃။ OH/0360/2009 ၊ တွေ့ဆုံမေးမြန်းချက်၊ သမိုင်းသုတေသနာဦးစီးဌာန၊ မော်ကွန်းဌာနစု။၎။ D1316 ၊ ရိုဟင်ဂျာစတမ်းပြုစုတင်ပြခြင်း၊ ကွန်ပြူတာစာမူ (၈)။၅။ မောင်တောမြို့နယ်၊ အနာဂတ်သာသနာတော်အရေးအခင်းနှင့်ပတ်သက်၍ တင်ပြလျှောက်ထားချက်၊ ၂၈-၂-၂၀၀၈။၆။ ဘုံပေါက်သာကျော်၊ ရခိုင်ပြည်နယ်နှင့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများပြသနာစာတမ်း၊ စာ (၁၄၆)။၇။ မောင်းတောမြို့၊ ဖြစ်စဉ်သမိုင်း စာ(၁၄၉)။၈။ ဇော်မင်းထွဋ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် တိုင်းရင်းသား ရိုဟင်ဂျာများ၊ (ပထမအကြိမ်)။ Maruyama Corp. Toky ၊ ၂၀၀၃။
0 မှတ်ချက်:
Post a Comment